စီးပွားရေး

ကျောက်ဖြူ အထူးစီပွားရေးဇုန် စီမံကိန်းတွင် တရုတ် အခန်းကဏ္ဍ လျှော့ချမည်ဟု ဆို

Hits:1
  | |
Print This Post

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် စတင်အကောင်အထည် ဖော်နေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ပါဝင်သော မလကျွန်းရွာအနီးမှ ရေနံသန့်စင်စက်ရုံ စီမံကိန်းနေရာ (ဓာတ်ပုံ – Arakan Oil Watch / Kyaukphyunet.blogspot.com)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် တရုတ်နိုင်ငံပါဝင်မှု အခန်းကဏ္ဍ လျှော့ချသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် အစိုးရအဖွဲ့က ပြောဆိုသွားကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား ဒေသခံ ပြည်သူများ၏ ဆန္ဒသဘောထားအတိုင်း ဆောင်ရွက်မည်ဟုဆိုကာ ထိုဇုန်ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးမြင့်သိန်း ဦးဆောင်၍ ၀န်ကြီးဌာန ၁၁ ခုမှ တာဝန်ရှိသူများသည် ကျောက်ဖြူဒေသသို့ တပတ်ကြာ ကွင်းဆင်းခဲ့ကြောင်း၊ ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ထိုသို့ ပြောဆိုသွားကြောင်း ဒေသခံ ကိုယ်စားလှယ်အဖြစ် တက်ရောက် ဆွေးနွေးခဲ့သူ ဦးလှမျိုးကျော်က ဧရာဝတီသို့ ပြောသည်။

“ဒီစီမံကိန်းမှာ တရုတ်နိုင်ငံပါဝင်မှု လျော့ချသွားမယ်လို့ ဦးမြင့်သိန်းက ပြောပါတယ်။ အဓိက ဦးဆောင်ပါဝင် တည်ဆောက်မှာက ဂျပန်နိုင်ငံနဲ့ ကိုးရီးယားရယ်၊ ဥရောပနိုင်ငံတွေနဲ့ လုပ်ဆောင်သွားဖို့ ပြောပါတယ်။ စီမံကိန်းကြီးကိုလည်း ဒေသခံတို့ရဲ့ ဆန္ဒပါမှ လုပ်မယ်လို့ ပြောသွားပါတယ်” ဟု ၎င်းက ဆိုသည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်နေပြီး ထိုစီမံကိန်းကြောင့် ဒေသခံပြည်သူများ၏ လယ်မြေများကို အဓမ္မသိမ်းယူခြင်း၊ အုန်းခြံများ သိမ်းယူခံရပြီး ဖျက်ဆီးခံရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခြင်း၊ ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း စသည်တို့ကြောင့် တရုတ်နိုင်ငံ ဦးတည်ဆောက်မည့် စီမံကိန်းများကို ပြည်သူများက မလိုလားသည့်အတွက် တရုတ်ပါဝင်မှု လျှော့ချခြင်း ဖြစ်နိုင်ကြောင်း ဦးလှမျိုးကျော်က ပြောသည်။

ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကြောင့် မဒေးကျွန်းဒေသ ပင်လယ်ပြင်ရှိ သဘာဝ သန္တာကျောက်တန်းများကို မိုင်းခွဲဖျက်ဆီးသည့်အပြင် ထိုဒေသတ၀ိုက်၌ တနိုင်တပိုင် ငါးဖမ်းလုပ်ကိုင် စားသောက်နေသည့် ဒေသခံများမှာလည်း ယခုအခါ ငါးဖမ်းပိုင်ခွင့် မရှိတော့ကြောင်း၊ ထိုသို့ဆုံရှုံးနစ်နာမှုများကို ဆန္ဒထုတ်ဖော် တောင်းဆိုသွားရန် ပြင်ဆင်နေကြောင်းလည်း မဒေးကျွန်းဒေသခံ ကိုထွန်းကြည်က ပြောသည်။

ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်းကဲ့သို့ နစ်နာဆုံးရှုံးမှုမျိုး ထပ်မံ မဖြစ်ပွားရေး ကြိုတင်ဆောင်ရွက်ရန်နှင့် စီမံကိန်းတခုချင်းစီ၏ လုပ်ငန်းများကို ဒေသခံပြည်သူများထံ ကနဦး ချပြ၍ ပြည်သူများ၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးရန် အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း၊ အစိုးရအဖွဲ့ကလည်း သဘောတူကြောင်း၊ ယခု စီမံကိန်းသည် ယခင်စီမံကိန်းများထက် ပွင့်လင်းမြင်သာမှု တချို့ရှိ လာသည်ဟု ပြောဆိုနိုင်ကြောင်း ကိုလှမျိုးကျော်က ပြောသည်။

၎င်းက “စီမံကိန်း တခုချင်းစီရဲ့ MOU စာချုပ်နဲ့ ပတ်သက်ပြီးတော့ မလုပ်ဆောင်မီ ဒေသခံပြည်သူတွေကို ကြိုတင် အသိပေးဖို့ တင်ပြတာကို အာဏာပိုင်တို့က သဘောတူတယ်။ အခုလည်း စီးမံကိန်းနဲ့ ပတ်သက်တာတွေကို နယ်ပယ်အစုံက တတ်သိပညာရှင်တွေ ပါဝင်ဆွေးခွင့်ရပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်မှု မရှိသေးသည့်အတွက် ကောင်းကျိုး၊ ဆိုးကျိုး ကိစ္စများကို ဒေသခံများအနေဖြင့် စောင့်ကြည့်သွားရဦးမည် ဖြစ်ကြောင်း၊ လက်ရှိကွင်းဆင်းမှုအရ စီမံကိန်းနယ်မြေ၌ ကျေးရွာများ ပြောင်းရွှေ့ပေးရမည့် အခြေအနေ မရှိသေးကြောင်း လည်းဆိုသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့်“အန္တရာယ်ဇုန်” ဟူသော အစီရင်ခံစာတွင် ထိုဇုန်ကြောင့် ကျေးရွာပေါင်း အနည်းဆုံး ၄၀ ခန့် ပြောင်းရွှေ့ခံရမည်ဟု ဆိုထားသည်။

စတုရန်းကီလိုမီတာ ၁၂၀ ကျယ်ဝန်းမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက အဓိက တာဝန်ယူတည်ဆောက်ရန် လျာထားကြောင်း၊ ထိုဇုန်တွင် ဂျပန် အင်ဂျင်နီယာကုမ္ပဏီ Nippon Koei Co.,Ltd က ပါဝင်မည်ဟု ဦးမြင့်သိန်းက ပြောဆိုခဲ့ဖူးသော်လည်း အသေးစိတ် ရှင်းလင်းပြောဆိုမှု မရှိကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံအတွက် အရေးပါကြောင်းလည်း ဆိုထားသည်။

CITIC တရုတ်ကုမ္ပဏီ၏ ကြိုတင်လေ့လာချက်အရ ထိုအထူးစီးပွားရေးဇုန်၌ ကနဦးရင်းနှီးမြှုပ်နှံမှုငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ လိုမည်ဖြစ်ပြီး၊ နှစ်ပေါင်း ၃၅ နှစ်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၈၉ ဒသမ ၂ ဘီလီယံ ရှိကြောင်း ရခိုင့်ရေနံစောင့်ကြည့်ရေး အဖွဲ့အစီရင်ခံစာက ဆိုသည်။

ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် ဒေသထွက်ကုန်ပစ္စည်းများ ကုန်ချောထုတ်လုပ်မည့် စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ၊ အထူးဇုန်များ၊ ဆိပ်ကမ်းများ၊ ဟိုတယ်ဇုန်များ စသည်ဖြင့် ပါဝင်မည်ဟု အကြမ်းအားဖြင့် သိရပြီး ဒေသခံပြည်သူများအတွက် ကောင်းကျိုး၊ ဆိုကျိုးနှင့် ရေရှည်လူနေမှု ဘ၀များအတွက် အသေးစိတ်လေ့လာ ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း တွေ့ဆုံဆွေနွေးပွဲ တက်ရောက်ခဲ့သည့် ရခိုင်သဟာရ အသင်းဝင်တဦး ဖြစ်သူ ဦးထက်အောင်ခိုင်က ပြောသည်။

အထူးစီးပွားရေး ဇုန်သည် ကြီးမားကျယ်ပြန့်သည့် စီမံကိန်းဖြစ်၍ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ယခု ထက်ပိုမိုလေ့လာရန် လိုမည်ဖြစ်ကာ ဒေသခံများ၊ လူမှုအဖွဲ့များ၊ တတ်သိပညာရှင်များနှင့် အစိုးရအာဏာပိုင်တို့က ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုမည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အဖြစ် ထားဝယ်နှင့် သီလ၀ါတို့ကို တည်ဆောက်နေပြီး ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက် မည်ဆိုပါက အထူးစီးပွားရေးဇုန် ၃ ခု ရှိလာမည်ဖြစ်သည်။ ထိုဇုန်များ၏ လုပ်ငန်းကိစ္စများကို အကောင်အထည်ဖော် တည်ဆောက်မှုနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများအတွက် ဒု သမ္မတ ဦးဉာဏ်ထွန်းက ဗဟိုကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

ကျောက်ဖြူအထူး စီးပွားရေးဇုန် တည်ဆောက်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည်ဆိုပါက ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လျှပ်စစ်မီး ၂၄ နာရီသုံးစွဲနိုင်မှု၊ ကုတ်ထုတ်ပစ္စည်းများ အတင်အချပြုလုပ်မည့် ဆိပ်ကမ်းများ စသည့် အခြေခံ အဆောက်အအုံများကို ကနဦးတည်ဆောက်မှသာ နိုင်ငံတကာ စီးပွားရေးကုမ္ပဏီများ စိတ်ဝင်စားမည်ဖြစ်ကြောင်း ဂျပန်ပညာရှင်က မြန်မာအစိုးရကို တိုက်တွန်းသွားကြောင်းလည်း သိရသည်။


WSJ LIVE VIDEO:

4 Responses

Leave a Reply

  1. Because of bad reputation, we the people feel bad as soon as we hear the name “China”. In our hearts, China has no room at all. Burmese government needs to respect how we the people feel. With or without China, we can rebuild our nation. The government needs to bring in whoever is in a better position to work with the people of Burma. Japanese and Koreans(not N Koreans) are okay.

  2. George Than Setkyar Heine

    DON’T JUMP THE GUN BOYS!
    Let Daw Suu establish her “RULE of LAW” as the first priority for that matter I say.
    And PEACE and STABILITY are also NON-NEGOTIABLE ITEMS in this respect as well.
    CORRUPTION is STILL RUNNING RAMPANT in the country today like since day one.
    And PEACE and STABILITY are also NO WHERE IN SIGHT yet lest you guys forget.
    KIA is still under HEAVY ATTACK today and the PEOPLE are NOT YET GIVING UP their STRUGGLE AGAINST the China-U PINE business venture at Monywa Copper Mine Project.
    Daw Suu should be MOST CAUTIOUS in her REPORT of Than Shwe led business group and Chinese Wan Bao company conspiracy to FATTEN their WALLETS given the fact there would be MORE PROBLEMS on the HORIZON in case the REPORT COMMENDS the RUNNING of the PROJECT to CONTINUE.
    The PEOPLE WANT the PROJECT to SHUT DOWN PERMANENTLY lest Daw Suu failed to note.
    And she should not PUT HER HEAD ON THE BLOCK as well for her own good and the country as well.
    After all TAKING the JOB (head the investigating commission) in the first place is her INDISCRETION since day one for that matter.
    Sometimes STAYING OUT OF HARM’S WAY is BETTER THAN PLAYING PROXY or TAKING the FALL, regardless of what is at stake as well I say.
    Monywa Copper Mine Project fiasco could/would be DAW SUU’S WATERLOO if I am not mistaken of course.
    And Than Shwe’s long term/time BID to DERAIL/SABOTAGE the COHESION/UNITY between the PEOPLE and their POPULAR LEADER would FINALLY BEAR FRUIT as well no less.

  3. ဒီလိုဖြစ်ရမှာပေါ့အစောကြီးကတည်းကဒီလိုပွင့်ပွင့်လင်းလင်းလုပ်ခဲ့ရင်ဘာပြဿနာမှ
    ဖြစ်မှာမဟုတ်ဘူး။ တရားနည်းလမ်းကျကျလုပ်လို့ကတော့မြန်မာလူမျိုးတွေ
    ကအားနာတတ်။နားလည်တတ်ပါတယ်။ ဒီလိုလွယ်လွယ်နဲ့နားလည်ပေးပြီး
    နည်းနည်းလေးလုပ်ပေးတာနဲ့အားနာတတ်တဲ့မြန်မာလူမျိုးတွေရဲ့စိတ်ကိုအထင်
    သေးပြီးလက်နက်အားကိုးနဲ့အနိုင်ကျင့်ချင်တော့ကြာလာတော့ပေါက်ကွဲကုန်တာ
    ပေါ့။ကိုယ့်ပြည်သူပြည်သားတွေကိုချစ်မြတ်နိုးပြီးဒီမိုကရေစီစနစ်ကျင့်သုံးတဲ့တိုင်း
    ပြည်တွေနဲ့စီမံကိန်းလုပ်ကြပါလို့ပြောချင်ပါတယ်။တရုတ်အစိုးရကတော့သူ့ရဲ့ဆင်းရဲသား
    ပြည်သူတွေကိုမသနားတတ်တဲ့အတွက်ကျွန်မတို့ပြည်သူတွေကိုလည်းသနားဖို့ကတော့
    ဝေးပေါ့။တရုတ်စီမံကိန်းများကို သုညလောက်ထိလျော့ချသင့်ပါတယ်။သူတို့မြန်မာပြည်
    ဆီကအများကြီးယူပြီးပြီဘဲတော်လောက်ပါပြီ။အခုတောင်တရုတ်အောက်ခြေအလုပ်
    သမားတွေမြန်မာပြည်ထဲအများကြီးအလုပ်လာလုပ်နေပါပြီ။လူမျိုးပါအမျိုခံသွားရနိုင်ပါတယ်။

  4. တတ်နို်င်ရင် တရုတ်နဲ့ဘာမှ မလုပ်စေချင်ပါ။တကယ်ဆို EITI ပုံစံ ဆို စီမံကိန်းတခုရှိတဲ့ ဒေသမှာ ဒေသခံတွေ ဟာ မူလထက် စီးပွား၊ကျန်းမာရေးတွေ ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဒီစီမံကိန်းကို အကောင်အထည်ဖေါ်သင့်ပါတယ်။ခုတော့ တရုတ်လုပ်လို့ လမ်းတွေ လည်းစုတ်ပြတ်၊ပြည်သူတွေ လည်းပိုစုတ်ပြတ်လာပြီး မြန်မာနိုင်ငံ ကိုတရုတ်လူမျိုးတွေ မျိုနေတာ အများကြီးပါ။မန္တလေးဆို သွားဘီး။တကယ်တော့ တနိုင်ငံလုံးတရုတ် ဘင်္ဂလီ ၀ါးမျိုနေပါဘီ