အကြမ်းဖက်မှု ၉၆၉ နဲ့ ဆက်နွယ်နေသလား | ဧရာဝတီ
ဆောင်းပါး

အကြမ်းဖက်မှု ၉၆၉ နဲ့ ဆက်နွယ်နေသလား

Hits:14,595
  | |

ရန်ကုန်မြို့ ဆူးလေလမ်းမပေါ်တွင် ရောင်းချနေသည့် ၉၆၉ တရားခွေနှင့် အမှတ်တံဆိပ်များ (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)

မိတ္ထီလာဖြစ်စဉ်အပြီး မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနဲ့ ပဲခူတိုင်းဒေသကြီးအတွင်းက အကြမ်းဖက်ဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း၊ မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

မိတ္ထီလာမြို့ ရွှေဆိုင်အရောင်းအ၀ယ်မှ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေးပုံစံ အဓိကရုဏ်းတွေ ပဲခူးတိုင်းဒေသကြီးကိုပါ ဆူပူအကြမ်းဖက်မှုတွေ ကူးစက်လာပါတယ်။

ပဲခူးတိုင်းဒေသကြီး အိုးသည်ကုန်းမြို့မှာ ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လာရောက်ဟောပြောမှုတွေဖြစ်ပွားပြီး တဲ့နောက်မှာ အဲဒီဒေသတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တဦးက ပြောပါတယ်။

ဆူပူအကြမ်းဖက်မှုတွေ မစတင်ခင်မှာ စာရွက်ဖြန့်ဝေမှုတွေ၊ အစ္စလမ်ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှု အိုးအိမ်ဆိုင်ခန်းတွေနဲ့ ဗလီတွေဖျက်ဆီးပြီးတဲ့အခါမှာ ချန်ထားရစ်ခဲ့တဲ့  အမှတ်အသား တံဆိပ်တွေအရ ဘာသာရေး အစွန်းရောက်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဘာသာရေးအစွန်းရောက်လို့ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေတဲ့ အမှတ်အသားတွေ တွေ့နေရတယ်လို့ ပဲခူးတိုင်း ဒေသခံတွေက ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးမင်းသူရက ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ၉၆၉ အမှတ်တံဆိပ်ပါ စာရွက်စတစ်ကာတွေ၊ ဘာသာခြား ဆန့်ကျင်ရေး အဓိက ဦးတည်တဲ့ တရားခွေတွေ မြို့တွင်းအထိ  လာရောက်ဝေငှခဲ့မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

“မတ်လ၂၃ ရက်နေ့ မှာ ၉၆၉ စတစ်ကာ စာရွက်တွေ လာဝေတယ်။ ဝေတဲ့အထဲမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးက လူတွေ တချို့လူတွေ လည်းပါတယ်။ အချို့လူတွေက ဒီဟာကို ဘာမှန်းမသိဘဲ တဆင့် ဖြန့် ဝေတာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ သူတို့ ပါတယ်လို့ စွပ်စွဲတာမဟုတ်ဘူး။ ဒီဟာက ဘာသာရေး ဖြစ်တဲ့အခါကျတော့ တဆင့်ပြန်ဝေခိုင်းရင်းနဲ့ ကျယ်ပြန့်လာတယ်။ နောက်ဆုံးရွာတွေထိကို မိတ္တူကူး၊ ခွေတွေ ကူးပြီး ကျယ်ပြန့်လာတယ်”လို့ ဦးမင်းသူရက ဆိုတယ်။

ဆိုတော့ ၉၆၉ ဆိုတာ ဘာလဲ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ ဂုဏ်တော် ၉ ပါး ကို ဦးထိပ်ထားပြီး ဗုဒ္ဓဘာသာဝင်တွေ စုစုစည်းစည်းဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ထားတဲ့ အမှတ်တံဆိပ်တခုဖြစ်တယ်လို့ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ ဆူပူအကြမ်းဖက်မှုတွေမဖြစ်ခင် လာဝေငှတဲ့အထဲမှာ ဆရာတော် ၄ ပါးထက်မနည်း ဟောပြောထားတဲ့ တရားခွေတခွေလည်းပါဝင်နေပါတယ်။ DVD ရော CD ရောပါ ဖြန့်ဝေနေတဲ့ အဲဒီအခွေမှာ အရှင်ပညာဝရ ရဲ့ လမ်းခွဲတရားတော်၊ အရှင်ကောသလ္လရဲ့ ဘာကို အရင်လုပ်ကြမှာလဲ၊ အရှင်သုနန္ဒရဲ့ ဗုဒ္ဓလမ်းစဉ် ကျင့်စေချင်၊ အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ စတဲ့ တရားဟောပြောမှုတွေပါဝင်ပါတယ်။

ဒီဟောကြားမှုတွေဟာ အဓိကအားဖြင့် မွတ်စလင်ဘာသာဝင်တွေရဲ့ နယ်ချဲ့မှုတွေကြောင့် ဗုဒ္ဓဘာသာ ပျောက်ကွယ်နိုင်တာမို့ ဗမာလူမျိုးတွေ အနေနဲ့ အမျိုးသား၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းကြဖို့ အတိအလင်း ပြဆို ဟောပြော ထားပါတယ်။ အဲဒီအခွေရဲ့ အပေါ်မှာ “ငါတို့အရိုး စည်းရိုးထိုး၍ ကာသင့်ပါလျှင် ကာရမည်” ဆိုတဲ့ ဆောင်ပုဒ် တခုကိုလည်း ရေးထိုးထားပါတယ်။

၉၆၉ အမှတ်တံဆိပ်နဲ့ တရားခွေတွေဟာ အခြားဘာသာတွေကို တိုက်ခိုက်တာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့ရဲ့ ဆိုင်၊ အိမ်တွေနဲ့ လုပ်ငန်းတွေမှာ ကပ်ထားဖို့ အတွက် အဓိက ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။

”အခြား ဘာသာတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ကိုယ့်ဆိုင် ကိုယ့်အိမ်မှာ ကပ်ထားရင် ဗုဒ္ဓဘာသာအိမ်ဖြစ်တယ်၊ ဆိုင် ဖြစ်တယ် ဆိုတာသိပြီးတော့ ဈေးဝယ်ဖို့ ၀င်နားဖို့ ဒီလောက်ပါပဲ။ ၉၆၉ ၀တ်စုံတွေ ၀တ်တယ် ဆိုတာလည်း လှုံ့ဆော်တာ မဟုတ်ပါဘူး။ စည်းရုံးတာပါ”လို့ ဦးဝီရသူက မိန့်ပါတယ်။

မိတ္ထီလာမြို့ကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားကလည်း အခုလို ဘာသာရေး အကြမ်းဖက်မှုများဟာ “မီးမွှေးပေးတဲ့ ဝါဒဖြန့်မှုများ”ကြောင့်လို့ ဆိုလိုက်ပြီး “ရက်စက်လွန်းတဲ့ ပိရိသေသပ်မှု”လို့လည်း ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြောဆိုချက်ဟာ ၉၆၉ အဖွဲ့ကြောင့်လို့ တိုက်ရိုက်စွပ်စွဲပြောဆိုချက်တော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကြို့ပင်ကောက်မြို့ပေါ်က ဗလီတွေ၊ နေအိမ်တွေ ၊ ကားတွေ ဖျက်ဆီးခံရပြီးတဲ့နောက်မှာတော့ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းရောင်တွေနဲ့ ရေးသားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ဖျက်ဆီးခံထားရတဲ့ အစ္စလမ်တွေရဲ့အိမ်တွေမှာ၊ ကားတွေမှာ ၉၆၉ ဆိုတဲ့ ဂဏန်းကို မှင်အစိမ်းနဲ့ အတည့်ပုံစံတမျိုး၊ ဇောက်ထိုးပုံစံမျိုးတွေနဲ့ ရေးသားထားတယ်။ တော်တော်များများမှာ အဲလိုရေးထားတယ်” လို့ ကြို့ပင်ကောက် ဒေသခံတဦးက ဆိုပါတယ်။

၉၆၉ တံဆိပ်ကို အသုံးချ ဖျက်ဆီးမှုတွေလုပ်ခဲ့တာလား၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဆူပူဖျက်ဆီးမှုတွေ လုပ်ခဲ့သလဲဆိုတာ အဖြေက မရှင်းလင်းပေမယ့် ဘာသာရေး အစွန်းရောက်မှုတွေ ရှိနေတာတော့ သေချာလို့ စုံစမ်းဖော်ထုတ်မှုတွေလုပ်နေတယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက တာဝန်ကျ ရဲအရာရှိက ဆိုပါတယ်။

“ပဲခူးတိုင်းထဲမှာ ပထမဆုံးစဖြစ်တာက အိုးသည်ကုန်း မှာစဖြစ်တယ်။ အဲဒီစဖြစ်တဲ့ အိုးသည်ကုန်းကိုလည်း အခင်းမဖြစ်မီ၊ ဆူပူအကြမ်းဖက်မှု တွေ မဖြစ်မီ ဘာသာရေးအစွန်းရောက် အဖွဲ့ တွေလာပြီး ဟောပြောတာတွေ လုပ်သွားတယ်လို့ သိထားပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အခု ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ထုတ်နေပါပြီ။ အခု လောလောဆယ်တော့ ပေါင်းတည်မှာ လူ ၂ ဦး၊ မိုးညိုမှာ ၂ ဦး၊ မင်းလှမှာ ၁၀ ဦး စုစုပေါင်း လူ ၁၄ ဦး ဖမ်းဆီး စစ်ဆေးနေပါတယ်။ အားလုံးက ဒေသခံတွေချည်းပါပဲ” လို့  ရဲအရာရှိက ပြောတယ်။

နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်တံဆိပ် အဖြစ် အသိအမှတ် မပြုတဲ့အပြင် မှတ်ပုံတင်ထားတာမျိုးလည်း မရှိကြောင်း၊ ခွင့်ပြုထားတာလည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။

”၉၆၉ ဖြစ်စဉ်တွေကိုတော့ သိရတယ်။ သိပေမယ့် ဘယ်လိုအရေးယူရမလဲ ဆိုတာတော့ ဒေသအလိုက် ဖြစ်တဲ့ကိစ္စတွေ ကိုတော့ ဒေသအာဏာပိုင်က ရှင်းရမှာပဲ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီးသား ”ဟု ဦးမြင့်ဦးက  ဆိုတယ်။

ဦးဝီရသူက ၉၆၉ အဖွဲ့ကို မော်လမြိုင်မြို့က သံဃာ ၅ ပါးက စဖွဲ့စည်းပြီး ၁၉၉၉ ခုမှာ ကွယ်လွန်သူ သာသနာရေး ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် နှစ်ဖက်လှ ဦးကျော်လွင်ကတဆင့် စတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်သူတွေပါဝင်ဖွဲ့စည်းထားမှန်း မသိရပေမယ့် အခုအခါ ရန်ကုန်မြို့တော်မှာလည်း ၉၆၉ စတစ်ကာတွေနဲ့ တရားခွေ တော်တော်များများ ပျံ့နှံ့နေပြီး အခမဲ့ ဖြန့်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကတော့ ၉၆၉ စတစ်ကာတွေကို ဆိုင်တွေ၊ ကားတွေ၊ အိမ်တွေမှာ ကပ်ထားကြပါတယ်။

ဒါပေမယ့် ရန်ကုန်ဒေသခံအချို့တွေကတော့ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်အသားအဖြစ် အသိအမှတ် မပြုလိုကြပါဘူး။

“ကျနော်တို့ သိတာက ဗုဒ္ဓရဲ့အဆုံးအမက ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။ မေတ္တာထားရမယ်။  အဓိက ချုပ်ငြိမ်းမယ့် ၊ သံသရာခရီးမဆက်နိုင်မယ့် နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှာတာပေါ့။ ဒါက ဗုဒ္ဓရဲ့ တကယ့်အနှစ်သာရလို့ ဆရာတော်ကြီးတွေ ဟောထား ပြောထားတွေကို သိထားရလို့ ဒီလို ၉၆၉ စတစ်ကာ ကပ်ထားမှ ဆိုတာမျိုးကို လက်မခံဘူး။ ဘုရားရှင်ရဲ့ တရားတော်တွေကို နာတယ်။ အဆုံးအမကို နာခံတယ်။ ငါးပါးသီလလုံအောင်စောင့်တယ်” လို့ အသက် ၃၀ အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတဦးက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်းက ဦးမောင်မောင်ကတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စည်းရုံးဖို့ လှုပ်ရှားခဲ့တဲ့ ၉၆၉ အမှတ်တံဆိပ်က ရည်ရွယ်ချက်လွဲမှားတာမျိုး ဖြစ်နေတယ်လို့  သုံးသပ်ပြောဆိုပါတယ်။

”ကိုယ့်ဘာသာကို စည်းလုံးဖို့ လုပ်တာ။ဒါပေမယ့် မြန်မာလူမျိုးကတော့သိတဲ့ အတိုင်း ခုတ်ရာတခြား ရှရာတခြား ဖြစ်တာပေါ့”ဟု ဦးမောင်မောင်က ပြောသည်။

ထက်နိုင်ဇော် ပူးပေါင်းပါဝင် ရေးသားသည်။


WSJ LIVE VIDEO:

27 Responses

Leave a Reply

  1.ုကျော်သူရ

    လူတိုင်းသိကုန်ကြပြီ –ဘယ်လိုလုပ်ကြမတုန် –နံပါတ်ထပ်ပြောင်းရင်ကောင်းမယ်ထင်တယ်..ဆရာတော် ဦးဝိရသူကို လျှောက်ထားပါသည်။

    • ကျော်သူရ မင်းလည်း အစွန်းတဘက်မှာ ရှိနေတယ်ဆိုတာ ငါသိပါတယ်။ အဘက်ဘက်က လျော့ကြပေါ့ကွာ။

      • ဗုဒ္ဓသည် လူသားများ ကောင်းကျိုး၊အကျိုးစီးပွားအတွက် ပွင့်ပေါ်လာခြင်းဖြစ်သည်မှာ ယုံမှားသံသယမရှိပါ။
        ဗုဒ္ဓသည် သင်္ကေတဆန်သော လုပ်ဆောင်မှုမှန်သမျှ လိုလားနှစ်သက်တော်မူခြင်း မရှိပေ။
        ထို့အပြင် အဟိံသ၀ါဒီခေါ် သူတစ်ပါးအသက်အိုးအိမ်စည်းစိမ်ချမ်းသာ ညည်းဆဲ ၊သတ်ဖြတ်ခြင်း( Non-violence way) လမ်းစဉ်ကို ကိုယ်တိုင်ကျင့်သုံးခဲ့သည်။ထို့အတူ တပည့်၊သာဝကများကိုလည်း လိုက်နာကျင့်သုံးစေခဲ့ပါသည်။
        ထိုအဆုံးအမ၊ လမ်းစဉ်ကို ဖီလာကန့်လန့်လုပ်ဆောင်မှုမှန်သမျှ အားမပေးပါ။ ကျြနော်ဗုဒ္ဓ၀ါဒကို လေးနက်စွာ ယုံကြည်သည့် လူသားတစ်ဦးဖြစ်ပါသည်။ အစွန်းရောက်သူတစ်ခုကြောင့် ဗုဒ္ဓ၀ါဒသေးသိမ်မှာကို မလိုလားပါ။မြန်မာနိုင်ငံတော် ကြီး ဘာသာပေါင်းစုံ ၊အယူအဆမျိုးစုံ၊တိုင်းရင်းသားမျိုးစုံဖြင့် တိုးတက်ဝေဆာပါစေ၊
        လူသားအားလုံးကို လေးစားလျှက်
        ဦးနေ

  2. if u think carefully, 9 6 9 emblem is innocent.
    it is sincere. And it is not instigating.

    The people who perceived it as ‘ instigating ‘ are instigating.

    There is nothing wrong with that.
    Likewise, 786 is displayed in Islam shops and properties.

    This is the ‘ newly developed good idea ‘. It should be displayed onwards, if people want to . Everything depends on how people interpret and perceive.
    Don’t you anyone think about banning such emblem. It will not work and it is not necessary and it is not appropriate.

  3. Weyathu is no longer a monk as he has been instigating anti-Muslim, anti-foreign races who are the citizenships of the country , calling often openly ‘Be dare to kill the Muslims’ in most of his so-called dhamma talks. In nearly all of his talks he fabricates a false sense of the impending dangers of Muslim enemy against Buddhism in Myanmar. Those who have no knowledge whatsoever of Buddha’s Dhamma are misled and diabolically influenced by this bogus monk. (please see below the Third Parajikas Vinaya rule set out by the Buddha).

    Buddha’s Dhamma is not about hatred. It is not about attacking other religions or other races in any means. It teaches the 4 principles to live with in the world namely Metta(universal, unconditional loving kindness), Karuna(compassion), Mudita(sympathetic joy) and Upekkha(equanimity). The Buddha himself , before his eventual ultimate enlightenment, had joined in other religions or truth seeking groups to practice with them in their methods. Many of the Buddha’s chief disciples joined into the Buddha’s thathena (teachings of the Buddha) were previously members of other religions. The Sangha in the Buddha time had no organisational, racial or social conflict with other religions, and philosophical differences were always discussed peacefully. Spiritual views were always exchanged harmoniously.

    The noble teachings of our Buddha, the Buddha’s Dhamma, is essentially and universally regarded by all the people of the world as the gentle, peace-loving and tolerant way-of-life. The world understood that BuddhaDhamma itself is never associated with conflicts, wars, extremists, terrorism and racial violent in its long history. Weyathu and his alike (his supporters including a celebrity-monk like Thi-ta-goo sayadaw) have been trying their best to damage and destroy this true and positive image of our Buddha’s teachings. Weyathu and his supporters are the real dangers to the BuddhaDhamma. They are enemy within.

    Those who harm others for their religions or races have no justification whatsoever, Buddhist or Muslim. These criminals must be condemned and punished by the law. I hope those who brutally murdered this innocent monk in Meikhtilar be caught and put on trail sooner.

    In perspective, things are complicated (Meikhtilar and other riots) and there seem to be many deliberate causes behind all such destructions from different interests including the foreign Muslim extremists. These terrorists are disgrace to the real Islam teachings as much as Weyathu and his followers/supporters are to the Buddha’ Dhamma. Weyathu is no longer a Buddhist monk. He is someone who wearing the Buddha’s robe and giving the true Buddha’s Dhamma negative images and wrong impressions by all his evil behaviour: inciting hatred, hate messages, calling for the killing of others non-Buddhists. Those who associate with him, who support him , who encourage him also cannot be the true Buddhists. Weyathu must be disrobed by the State Supreme Sangha organisations , if they are to follow the Buddha’s Vinaya-the monastic code-responsibly as they ought to. The sooner the better.
    The four parajikas (defeats) are rules entailing expulsion from the monastic Order (Sangha) for life. If a monk or nun breaks any one of the rules he/she is automatically ‘defeated’ in the holy life and falls from monkhood immediately. He is not allowed to become a monk again in his/her lifetime. Intention is necessary in all these four cases to constitute an offence. The four parajikas for bhikkus are:

    1. Sexual intercourse, that is, any voluntary sexual interaction between a bhikkhu or bhikkhuni and a living being.

    2. Stealing, that is, the robbery of anything worth more than 1/24 troy ounce of gold (as determined by local law).

    3. Intentionally bringing about the death of a human being, even if it is still an embryo — whether by killing the person, arranging for an assassin to kill the person, inciting the person to die, or describing the advantages of death.

    4. Deliberately lying to another person that one has attained a superior spiritual state, such as claiming to be an Arahant when one knows one is not, or claiming to have attained one of the jhanas when one knows one hasn’t.

    (from the Vinaya Pitaka)

  4. DONOT WARRY

  5. လူမှန်ကြီး

    အေး..လူတွေသိကုန်ပြီဆိုတော့နံပါတ်ထပ်ပြောင်းလိုက်ပေါ့ 007နာဇီဝီရသူလို့…။

  6. လူမှန်ကြီး

    ဒီဘုန်းကြီးနဲ့တော့ ခက်ဦးမယ်…..ဘုန်းကြီးအသိဥာဏ်တွေဘယ်ရောက်ကုန်ပြီလဲ….
    နာမည်ကြီးချင်တိုင်းရှောက်လုပ်နေတာ ရပ်တန်းကရပ်သင့်ပါပြီ… သင်္ကန်းကိုတော့အားနာပါတယ် တကယ်ဆိုခင်ဗျားကဘုန်းကြီးမဖြစ်သင့်ဘူး ခင်များကတကယ့် သဗွတ်….။ဗုဓ္ဒဘုရားဟောကြားခဲ့တာ ၃၁ဘုံမှာကျင်လည်နေကြရတာဆိုတော့ အသင်ဘယ်ဘ၀ကလာတာလည်းသင်သိပါသလား..? သင်သေပြီးရင်ကောဘယ်ဘ၀ကိုရောက်မလဲ..? သိနိုင်ပါရဲ့လား..? ဆိုလိုတာက ဗမာသေပြီးကုလားဝမ်းထဲမရောက်ဘူးလို့ပြောနိုင်လား၊ကုလားသေပြီးဗမာဝမ်းထဲမရောက်ဘူးလို့ကော သင်တထစ်ချပြောနိုင်ရဲ့လား ….ကံ ကံ၏အကျိုးကိုသင်ယုံပါလေ…ဗုဓ္ဒဘာသာစစ်စစ်တစ်ယောက်ဖြစ်ချင်ရင်..ဗြမ္မစိုတရားလေးပါကိုမမေ့ပါနှင့်သင့်နှလုံးသာတွေကိုနူညံ့ပျော့ပြောင်းလာအောင်သင့်ကိုသင်အရင်ပြုပြင်ပါလေ..သင်္ကန်းခြုံထားသောဘုန်းကြီးဟာ သိုးရည်ခြုံထားသောဝံပလွေ မဖြစ်ပါစေနဲ့လို့ကျုပ်တိုက်တွန်းလိုက်ပါတယ်…လူသတ္တ၀ါတို့ရဲ့ကောင်းကျိုးကိုရှေးရှုတယ်လိုလားတယ်ဆိုရင် အသင်ပြင်ဆင်ပါ…မေတ္တာသုတ်ရွတ်နေတဲ့သူတွေရဲ့လုပ်ရပ်ဟာတရားသဘောနဲ့တော်တော်လေးလွဲနေတယ်လို့ဆိုရင်ကျုပ်လွန်နေမလား….။

    • သိဒ္ဓိမောင်

      လူမှန်ကြီးရေ
      ခင်ဗျားလည်းသင်္ကန်းသာဝတ်လိုက်ပါတော့
      ဆရာတော်ကြီးတွေ ထက်ပိုတတ်နေသလားလို့ပါ

    • ဟုတ်ပါတယ် ၉၆၉ လုပ်၇ပ်တွေကြောင့်၂၀၀၇ ရွှေဝါရောင်မှာမေတ္တာသုတ်ရွတ်
      ပြီးနှိမ်နင်းခံခဲ့ရတဲ့မေတ္တာရှင်၇ဟန်းတွေရဲ့ပုံရိပ်ပျက်စီးခဲ့ရပါတယ်။
      ဦးဝီရသူက တော့နိုင်ငံတော်အာဏာ၇ဘုန်းကြီးဖြစ်ချင်လို့ဒါတွေလိုက်လုပ်နေတယ်
      လို့ခံစားပါတယ်။ဟိုးရှေးခေတ်က အနောက်နိုင်ငံက ဆိုးသွမ်းခဲ့တဲ့ရိုမန်ကက်သလစ်
      ဘုန်းတော်ကြီးတစ်ချို့လိုရောဂါစွဲနေတာပါ။အဓိက ကတော့အာဏာပါဝါရချင်လို့
      နားမလည်တဲ့သူတွေကိုမှိုင်းတိုက်နေတာပါ။
      အမြတ်ထွက်သွားသူကတော့ဖို့းလပြည့်နဲ့ ဝမ်ပေါင်နဲ့ ဦးပိုင်ပဲပေါ့ သူတို့၇ဲ့အမှုက
      လူပြောများနေတာကနေ လျော့သွားတော့အနေချောင်သွားတာပေါ့။
      ကောင်လေးအေးအေးဆေးဆေးနေ နော်အနေမတတ်ရင် ၉၆၉လည်းမင်းကိုထပ်မ
      ကယ်နိုင်ဘဲဖြစ်သွားမယ်။ ဦးနေဝင်းမြေးတွေလိုဖြစ်သွားမယ်နော်။

  7. 786 is REAL TERRORIST IMAGE…! 786 is illegal or legal…???

  8. ကျနော်နားလည်သလောက်ကဗုဒ္ဓဘာသာသည်ချုပ်ရာငြိမ်းချမ်းရာလမ်းစဉ်တစ်ခုဖြစ်တယ် ။အခြားဘာသာများကဲ့သို့နံပါတ်များနှင့်ကိုယ်စားမပြုပါ။မိမိလိုချင်သလိုစွဲယူပြီးဘာသာ ခြားများကဲ့သို့အပြိုင်အဆိုင်များမလုပ်သင့်ပါ။
    မဟန ဆရာတော်ဘုရားများမှသြ၀ါဒပေးတော်မူပါ။သူးများဘာသာခြားများပျက်စီးရာပျက်စီးကြောင်းလည်းမလုပ်သင့်ပါ။ဘုရားဟောနဲ့လည်းမညီပါ။နိဗ္ဗာန်ရောက်ကြောင်းကိုသာရှေ့ရှုသင့်ပါသည်။စည်းရုံးဟောပြောသင့်ပါသည်။

  9. မောင်ခြိမ့်

    ခွပ်ဒေါင်းကိုတော့ဆွဲမထဲ့ကြပါနဲ့ဗျာ၊ခင်ဗျားဖာသာဖက်ပြီးဘဲကိုက်နေနေ

  10. ၉၆၉ နှင့် မိတ္ထီလာမြို့ ကိစ္စ ဘာမှ မဆိုင်။ အကြောင်းမဲ့ ရဟန်းတော်တစ်ပါးကို ရက်ရက်စက်စက် သတ်လိုက်တာက စဖြစ်တာ။ အေးအေးနေစေချင်ရင် ရန်မစနဲ့လေ။

  11. “မိတ္ထီလာဖြစ်စဉ်”

    မတ်လ 21, 2013 (12:55pm) တွင် အရှင်ဝိမလဝံသ မှ ရေသားမျှဝေခဲ့ပါသည်။
    Send Message View Blog

    မန္တလေးမတ်(၂၀)

    ယနေ့(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်-တို့က ရွှေဆံကုတ်(ဘီးကုတ်)လာရောင်းပါသည်။ ဦးခင်မောင်ဝင်း(၄၆) နှစ် ဒေါ်အေးအေးနိုင်(၄၅)နှစ်နှင့်အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။

    ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။

    ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက်သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော်စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့်ဟု ဝိုင်းအော်ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူးဝိန့်စိန် ရွှေဆိုင်(မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။

    ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော်စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက်ရှာသော်လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေးမလေးနှစ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့မိမြို့ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက်ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။

    ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲသွားကြပြီး ဖြစ်သည်။

    ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀)ခန့်တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသနာ့အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။

    လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်းရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။

    ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင်ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ်မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူသွားကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။

    ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ်တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆလင်များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင်ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံတက်ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင်အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။

    ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန်မာတစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွားခဲ့သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေးသို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။

    ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄-အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံးသွားခြင်း ဖြစ်သည်။

    မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကားတန်းကြီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ်ကွက်ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်းသာ တည်ငြိမ်လျက်ရှိပါသည်။

    မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည်အနှံ့အပြားမှထွက်ပြေးလာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်းရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ်ရာမှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက်မာခြင်း၊ အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများသို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန်အလှူပေးဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။
    by Wira Thu (Notes) on Thursday, March 21, 2013
    ဗုဒ္ဓဘာသာဝင်များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး မိမိအကျိုး သူတစ်ပါးအကျိုး လောကအကျိုး သာသနာ့အကျိုးဆထက်တိုးပြီး ဆောင်ရွတ်နိုင်ကြပါစေ။
    အရှင်ဝိမလဝံသ
    http://www.mm4everfriends.com/profiles/blogs/2863689:BlogPost:8188880

  12. မင်းကြီးညို

    ဘုရားဂုဏ်တော်ကိုးပါး တရားဂုဏ်တော်ခြောက်ပါး သံဃာ့ဂုဏ်တော်ကိုးပါး ၉၆၉ သင်္ကေတကို
    ထောက်ခံပါတယ်။ ဆရာတော်ဟာ အမျိုးဘာသာအတွက် စွန့်စွန့်စားစား လုပ်ဆောင်နေကြတာ
    ပါ။ လူထုထောက်ခံမှုရလို့လည်း သိန်းထောင်နဲ့ချီပြီး အလှူငွေတွေ လက်ခံရရှိနေတာပါ။ နိုင်ငံ
    ရေး အယူအဆတွေ ဘယ်လိုပင် ကွဲပြားပါစေ၊ ဗမာတွေအားလုံး ဗုဒ္ဓဘာသာတရားတော်နဲ့ပတ်
    သက်လာရင် တစိတ်တ၀မ်းတည်းရှိကြပါတယ်။ အဲဒါက နိုင်ငံတ၀ှမ်းလုံး ဗုဒ္ဓဘာသာ ထွန်းကား
    ပြန့်ပွားရေးပဲဖြစ်ပါတယ်။ အခုကွန်မင့်ရေးတဲ့သူတွေက အမနာပ(သူတပါး မကောင်းကြောင်း
    အတင်းအဖျင်းပြောတတ်တဲ့သူ)တွေများနေပါတယ်။ သတိပြုကြပါ။

  13. ပညာရှိတစ်ယောက်ကပြောတယ်။အငြင်းအခုံတစ်ခုဟာ အဖြေတစ်ခုထွက်မလာဘူးဆိုရင်
    အဲဒါနှစ်ဖက်စလုံးကမှားနေလို့ဘဲတဲ့။
    နောက်ဆုံးတစ်နေ့ ဒီကမ္ဘာမှာ ဘာသာတစ်ခုဘဲ ဖြစ်လာမယ့်နေ့ကိုတော့ ကျွန်တော်မမြင်မိပါဘူး။အပြန်အလှန် ငြင်းခုံကြရင်း လူစိတ်ပျောက်ပြီး ထသတ်ကြမယ့်
    ဘာသာဝင်တွေကြီးပါဘဲ။
    အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတယ့် စကားကိုယ်က
    မှန်၏မမှန်၏ စူးစမ်းစရာမလိုတဲ့သဘောကိုပါနေပါတယ်။
    အဖေအမေတွေဆီက အမွေရလာတဲ့ ဘာသာတရားတွေကို ကိုးကွယ်နေကြတဲ့ သူတွေက
    မသိရင် ကိုကိုယ်တိုင်ဘဲ ရှာဖွေလက်ခံရရှိထားတဲ့အလား ငါတို့မှမှန်တယ်လို့ ပြောနေကြတာ ယုတ်တိမတန်ပါ။
    ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။ပတ္တမြား မမှန်ကြတော့ သူ့.ဘာသာ ငါ့ဘာသာပျေက်မယ်
    ကြောက်နေကြပြီး လူစိတ်ပျောက်နေရတာပါ။
    ဘာသာတရား မျက်မှန်တွေကို ခဏချွတ်ပြီး လူသားဆိုတဲ့စိတ်ကို အရင်မွေးကြည့်လိုက်ပါ။
    ကမ္ဘာကြီး လှပသွားပါ့မယ်။

    • ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။ပတ္တမြား မမှန်ကြတော့ သူ့.ဘာသာ ငါ့ဘာသာပျေက်မယ်
      ကြောက်နေကြပြီး လူစိတ်ပျောက်နေရတာပါ။
      ဒီ comment ကိုလုံးဝ ထာက်ခံပါသည်။

  14. ပညာရှိတစ်ယောက်ကပြောတယ်။
    အငြင်းအခုံတစ်ခုဟာ အဖြေတစ်ခုထွက်မလာဘူးဆိုရင် အဲဒါ နှစ်ဖက်စလုံးကမှားနေလို့ဘဲ။
    ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး။ပတ္တမြား မမှန်ကြတော့ သူ.ဘာသာ ငါ့ဘာသာ ပျောက်မယ်
    ကြောက်နေကြပြီး သွေးရူးသွေးတန်းနဲ့ ရမ်းနေကြတာပါ။

  15. we strongly welcome 9 6 9….
    good for people, religious …we dont care virus of islam!………….

  16. 969 သင်္ကေတ ပါ စတစ်ကာတွေ ဗလီထဲ တွေ့ တာနဲ့  ၉၆၉ နဲ့ အကြမ်းဖက်မှူနဲ့ ဆက်နွယ်နေသလား လို့  မတိမကျတဲ့  သတင်းရေးသားမှူမျိုး ရှောင်ရှားသင့်တယ်။ အထင်အမြင်နဲ့ လျောက်ရေးနေရင် ပြဿနာ ကြီးထွားလာဖွယ်ရာရှိတယ်။ ရေဒီယို -ရုပ်သံ -ဂျာနယ်-သတင်းစာ မီဒီယာ အားလုံး ကြီးသောအမှူ -သေးအောင်- သေးသောအမှူ ပပျောက်အောင် ကြိုးပမ်းလုပ်ဆောင် သင့်တယ်- ငါ့ သတင်း ပါလျှင်ပြီးရော- သတင်းဦးလျှင်ပြီးရော သဘောမျိုးဖြင့် မရေးသား- မထုတ်လွှင့်ဘို့  အရေးကြီးတယ်လို့ မြင်မိပါတယ်။ ဟိုအရင် ကျောက်ဆည်မှာ ဗုဒ္ဓဘာသာ နဲ့ မူဆလင်ဘာသာ ပဋိပက္ခ ဖြစ်တုန်းက ဘီဘီစီအသံလွှင့်ဌာနမှ မတိကျ မခိုင်မာတဲ့ သတင်းတပုဒ် ထုတ်လွှင့်ဘူးတယ်။ ထိုင်းနယ်စပ် ဘီဘီစီ သတင်းထောက် ဦးသန်းမှ ဒီနေ့ မြန်မာနိုင်ငံတွင်း အခြေအနေ ကို အခုလို သတင်းပို့ ထားပါတယ်- ဟုတ်ကဲ့ ပဲခူးက ရတဲ့ သတင်းအရ သက်တော်ကြီး ဆရာတော် တပါးရဲ့ ရုပ်အလောင်းကို ကျောက်ဆည်မြစ်ထဲ မျှောလာတာတွေ့ တယ်လို့ ဆိုပါတယ်။ ဘယ်ကျောင်းတိုက်ကလဲ- အသတ်ခံရတာလား-ဘွဲ့ တော်ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းလို့ မရသေးပါဘူးခင်ဗျာ—လို့  သတင်းပို့ သွားတာကိုနားထောင်လိုက်ရပါတယ်-အဲဒီလို မတိကျ မခိုင်လုံသတင်းကို မထုတ်လွှင့်လို့  ဘီဘီစီ ကျေးတမာ ကဏ္ဍ ကို ကန့် ကွက်စာ ပို့ ဘူးပါတယ်။ ဘီဘီစီ မှ အင်္ဂလိပ်ဘာသာဖြင့် အကြောင်းပြန်ပါတယ်။ ကျေးတမာကဏ္ဍ မှ အသံဖြင့် မထုတ်လွှင့်ပေးပါ။ ဒါကြောင့် ပြည်သူများ အနေနဲ့ သတင်းကို ချင့်ချိန်ပြီး ယုံကြဘို့  အကြံပြုအပ်ပါတယ်။

  17. ညီဂျော်ကြီး

    ကျွန်တော်က တော့ ၇၈၆ လည်း မဟုတ်ဘူး ၉၆၉ လည်း မဟုတ်ဘူး
    ကျွန်တော်က ၃၇၄ ပါ အဲဒါ ကျွန်တော့် မွေးဂဏန်းလေ ၃နှစ်လောက်ရှိဘီ ခုထိမပေါက်သေးဘူး
    ဘာသာ တရားဆိုတာ လိုက်နာ ကျင့်သုံးဖို့ပါ အသုံးချဖို့ မဟုတ်ပါ
    ဒီလိုဗျာ ဟိုနေ့ကပွဲခင်းထဲက အရက်ဆိုင်မှာ ၉၆၉ ကြီး ကပ်ထားတယ် လူတွေလဲ အများကြီးပဲ ၀င်သောက်ကြတယ် ၉၆၉ တွေ့လို့ထင်တယ် ကဲ ကျွန်တော်တို့ဘာသာက ဈေးရောင်းကောင်းအောင် လုပ်တဲ့ အသုံးချခံကြီး မဖြစ်သွားရောလား

  18. ထင်လင်း

    မှိုင်းမမိအောင် လုပ်ဖို့ တိုက်တွန်းပါရစေ
    သူများက ၇၈၆
    ကိုယ်တို့ က ၉၆၉ တဲ့
    ဗုဒ္ဓံ ဓမ္မံ သံဃံ လို့ ရေးရတာ လက်ညောင်းလို့ လား