သတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဂျီအီးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

Hits:8,075
  | |
Print This Post
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ခြံစည်းရိုးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ- ငြိမ်းချမ်း/ ဧရာဝတီ)

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ခြံစည်းရိုးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ- ငြိမ်းချမ်း/ ဧရာဝတီ)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာဘက်မှ ခြံစည်းရိုးကာရံနေသော ဂျီအီးခေါ် စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်ယာတပ်မှ တပ်ဖွဲ့ဝင်များကို ယခုလ ၂၄ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်ခံခဲ့ရကြောင်း နယ်စပ်မှလာသော သတင်းများအရ သိရသည်။

ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် လူ ၂၀ ခန့်ပါဝင်သော လက်နက်ကိုင် အဖွဲ့တဖွဲ့က ခြံစည်းရိုးလုပ်ရာမှ ပြန်လာသည့် ဂျီအီး တပ်ဖွဲ့များ စီးနင်းလိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များ လွတ်မြောက်သွားသော်လည်း ကားတစီး မီးရှို့ခံရကြောင်း နယ်စပ်ရှိ ဗန္ဓုလ ကျေးရွာမှ အမည်မဖော်လိုသော ဂျီအီး တပ်ဖွဲ့ဝင်တဦးကပြောသည်။

“ဗန္ဓုလကျေးရွာအနီး မိုင်တိုင်အမှတ် ၄၉ အရောက်မှာ တောထဲကနေ လက်နက်ကိုင် လူ ၂၀ လောက် ထွက်လာပြီး ပစ်တာ။ ကျနော်တို့ လူတွေကတော့ ထွက်ပြေးလို့ လွတ်သွားတယ်။ ကျန်ခဲ့တဲ့ ဂျစ်ကားနဲ့ အဲ့ဒီအပေါ်မှာ ပါတဲ့ ပစ္စည်းတွေကို သူတို့က မီးရှို့လိုက်ကြတယ်” ဟု ဂျီအီး တပ်ဖွဲ့ဝင်တဦးက ပြောသည်။

အခင်းဖြစ်သော နေရာသည် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့ မြောက်ဘက် မိုင် ၄၀ ကျော်အကွာ နယ်စပ် မှတ်တိုင် ၅၀ အနီးတွင်ဖြစ်ပြီး ဒေသတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

အခုပစ်ခတ်မှုမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်တွင် အခြေချလှုပ်ရှားနေသည်ဟု ယူဆနေသည့် RSO ခေါ် Rohingya Solidarity Organisation မှဖြစ်ကြောင်း နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး တပ်ဖွဲ့ (နစက) က ယုံကြည်နေသည်။

နယ်စပ်ခြံစည်းရိုး ဆောက်လုပ်သည့် နေရာများသည် ကျေးရွာများနှင့် အလှမ်းဝေးကာ တောတွင်းရောက်ရှိနေပြီး လုံခြုံရေး အားနည်း သောကြောင့် ဝင်ရောက် နှောက်ယှက်နိုင်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကလည်း နစက နယ်မြေ ၁ ဗန္ဓုလ ကျေးရွာအနီး နယ်စပ်မှတ်တိုင် ၅၁ တွင် ခြံစည်းရိုးလုပ်ကိုင်နေသူ ဂျီအီး တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့ဖူးသည်။ ဖမ်းဆီးခံရသူများအား ယခုထိ ပြန်လည်ကယ်တင်နိုင်ခြင်း မရှိသေးရုံမက မည်သို့ အခြေအနေတွင် ရှိနေကြောင်း မသိရသေးပေ။


WSJ LIVE VIDEO:

7 Responses

Leave a Reply

  1. နစက ကွပ်ကဲရေးမှုး ညံ့ဖျင်းတယ် လူအသစ် လဲသင့်တယ်

  2. Unfc က နိုင်ငံကို စီးပွားရေးခြောက်ထဲကိုပို့မယ့် တိုင်းပြည်ရန်စွယ်ပါ။ဒီမိုကရေစီမှာ လူမျိုးရေးမခွဲခြားဘူး။ အဲဒီအဖွဲ့ကြောင့် ငြိမ်းချမ်ရေးမရနိုင်ပါ။ပြည်သူ
    ပါ ပြည်ပမှာနေတယ်။ကေအိုင်အိုက ကချင်ပြည်သူကို မဟုတ်တာတွေပြောခဲ့တာကို ကိုယ်တိုင်တွေ့နေရကြားနေရတယ်။အလိုမရှိ အင်ဘန်လ။အင်ဘန်လဟာ စစ်အာဏာရှင်ပါ ၀ိုင်းဝန်းကန့်ကွက်သင့်ပါတယ်။သီးခြားပြည်သူတစ်ယောက်ပါ ပြည်ထောင်စုငြိမ်းချမ်ရေးချမ်းသာရေး ဒီမိုကရေစီအရေးအတွက်ကန့်ကွက်တာပါ။lrrawaddy, Plesae your

    • kmw- Are you crazy, burma army never cannot win to Bangladesh Army, thats why they afraid to Rohingya Peoples and take care them. then, coward burma army generals/leaders decide the all burma army used to attack Burma’s Own Brothers KACHIN/KIO and Ethnic Groups. SHAME to Cowards burma army and Cowards burma army generals/leaders…

  3. l can’ read you new because you letter block.

  4. အထက်ပါအဖြစ်အပျက်များကြည့်ခြင်းအားဖြင့် မြန်မာ တပ်မတော်သားများ နစ်နာဆူံးရှံးမူများစွာတွေ့ နေရတယ် စိတ်မကောင်းဘူး ။ ဘလာင်္လီ နဲ့  ပတ်သက်တာတွေ ပြန်စဉ်းစားရင် ၊ ရင်နာစရာတွေပဲ တွေ့ ရတယ် ။ သူတို့ တိုင်ပြည်မှ မတရားလူဦးရေ ဖေါင်းပွတာတွေ ကိုယ့် ဘက်ကတာဝန်ယူခိုင်းတာတပိုင်း ၊ သူ့ ဟာသူဝမ်းရေး မလောက်လို့  စက်လှေနှင့် ထိုင်း ၊ မလေးတို့ သွားနေတာတောင် ဟိုနိုင်ငံ ရောက်မှ မြန်မာ လူမျိုးနွယ်စု rohingya ပါဆိုပြီး တို့ တိုင်းပြည်ကိုရောင်းစားကာ မြန်မာစကားတလုံးမှ မတတ်ပဲ ဒုက်ခဒယ်နဲ့  တတိယနိုင်ငံ ရောက်သွား ၊ ဒါတွေနဲ့ မပြီးသေးဘူး ၊ ရှေး မြန်မာမင်းများမှ နောင်လာနောက်သားတွေ အတွက်အမွေအနေနဲ့ ထားခဲ့တဲ့ မြန်မာ့ရေပိုင်နက် မိုင်ပေါင်း ရာချီ ပေး လိုက်ရပြန် ၊ ဒါနဲ မပြီသေးဘူး ၊ အခု အမိမြည် ကို ကာကွယ် တဲ့ တပ်မတော် သားတွေပါ ပေါ်တင်ကြီး တိုက်ခိုက်နေတော့ ဒါတွေအားလုံးချုံ ကြည့်လိုက်မှ ဒေါသတွေ ပေါက်ကွဲ တော့တယ် ၊ မခံစားနိုင်တော့ဘူး ။ မိမိတိုင်းရင်းသားတွေ နှင့် စစ် တိုက်လိုက်ရင် သူရဘွဲ့ တွေတောင်ပေးသေး တာပါ ၊ဒီလိုမျိုးကြတော့ သတ်သိမရှိလိုက်တာ ၊ ခက်အဆက်ဆက် မြန်မာ့ တပ်မတော် သားများ အရည်အချင်း မညံ့ပါဘူး ဒီလိုမျိုးကြမှ သတ်သိကြောင်နေရင် ဘယ်လိုနည်းနဲ့ တိုင်း ပြည် ကာကွယ်မှာလဲ ။ ဘာမှ မဟုတ်တဲ့ ဘင်္ဂလီတောင် ကြောက်နေရင် အခြား အင်အားကြီးအီမ်နီးချင်း နိုင်ငံတွေ က ဘယ်လိုမြင်မယ်လဲ ။

    မိမိ တပ်မတော်သားများ ဒီလောက်အထိနာမှတော့ အဲ့ဒီ လူဆိုးတွေအားလုံးဖမ်ပေးဖို့ အနောက်နိုင်ငံတွေလို ဒီလိုမျိုး အရေးမှာ ဘင်္ဂလားဒီရှ် နိုင်ငံ အားတာဝန်ပေးပြီး ဖမ်းခိုင်းလိုက်ပါ ၊ သူတို့ မဖမ်းနိုင်ရင် မိမိ တပ်မတော်သားများမှ ဘင်္ဂလားဒီရှ် တနိုင်ငံလုံးမွဲနောက် ရှာဖွေခွင့်တောင်းရမည် ၊ သူတို့ နိုင်ငံထဲ အ၀င် မခံရင် သူတို့ ကြံစည်မှူပဲ ၊ ဘာမှအားနာစရာ ငဲ့စရာမလိုတော့ဘူး ဒီလိုမျိုးပြသနာဟာ အာနာရမဲ့ အရေး လည်းမ ဟုတ်ဘူး ။ ဘာဖြစ်လို့ ဒီလောက် ငြီမ်ခံနေရတာလည်း နားမလည်နိုင်တော့ဘူး ။ စဉ်းစားလေစိတ်နာလေပဲ ။

  5. ဒေသခံ ရခိုင်တိုင်းရင်းသားများ လက်နက်တပ်ဆင်ပေးလိုက်ပါ ။

  6. Bengali had been allowed to sneak into Rakhine State by useless Burmese juntas(Ne Win, Than Shwe). The Burmese juntas care to fill their own pockets with laundered cash. The border security was completely ignored. Now, half of Rakhine State is occupied by the Bengali. The juntas sucked all blood from rich resources of Rakhine State. The juntas also sucked all blood from Kachin and Shan states but in turn the ethnics do not have properly paved roads except tourist areas. All we have suffered are the consequences of the sequences in the idiot rule of Tatmataw.