သတင်း

ဦးခင်ညွန့် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆို

  | |
Print This Post

ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် ဦးခင်ညွန့် ဆန္ဒမဲ လာရောက်ပေးစဉ် (ဓာတ်ပုံ – Reuters)

စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့်က လာမည့် အနာဂတ်တွင် ပါတီနိုင်ငံရေး လုပ်ဆောင်ရန် မရှိသော်လည်း တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူများ စားဝတ်နေရေး ချောင်လည်စေရန် အမျိုးသား နိုင်ငံရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ထုတ် မော်ဒန် ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။

၎င်း တွေ့ဆုံမေးမြန်းတွင် ဦးခင်ညွန့်က ပြည်တွင်း ငြိမ်းချမ်းရေးရှိရန် အစိုးရနှင့် တိုင်းရင်းသားများအကြား ရိုးသားမှုရှိမှ အောင်မြင်နိုင်ပြီး လက်ရှိအခြေအနေတွင် ငြိမ်းချမ်းရေး ပန်းတိုင်ရောက်ရန် လိုအပ်နေသေးကြောင်း၊ အစိုးရ၀န်ကြီးများ၊ ဒုဝန်ကြီးများ အနေဖြင့် အောက်ခြေအထိ ဆင်းပြီး ပြည်သူများနှင့် ထိတွေ့ရန် လိုအပ်ကြောင်း၊ ပြည်သူနှင့် ထိတွေ့ နားထောင်မှသာလျှင် ပြဿနာများ အဖြေထွက်မည် ဖြစ်ကြောင်း ပြောထားသည်။

“ဦးခင်ညွန့်က ပါတီ နိုင်ငံရေးတော့ မလုပ်ဘူး၊ အမျိုးသား နိုင်ငံရေးတော့ လုပ်မယ် ဆိုတော့ သူ့နည်း သူ့ဟန်နဲ့ နိုင်ငံရေး လုပ်မယ် ဆိုတဲ့ သဘော သက်ရောက်တယ်။ နောက်ပြီး အဲဒီ အင်တာဗျူးထဲမှာ ဝန်ကြီးတွေ အနေနဲ့ အောက်ခြေ အထိ ဆင်းပြီး ပြည်သူတွေ ကြားမှာ လေ့လာသင့်တယ် ဆိုတာမျိုး ဝေဖန်ထားတာ တွေ့ရတယ်။ ဒါက မြန်မာပြည် နိုင်ငံရေးထဲမှာ ပါတီတခု မဖွဲ့ရင်တောင် သူ့အနေနဲ့ တနည်းတဖုံ ပါချင်သေးတယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆရပါတယ်” ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်က ပြောသည်။

Open News ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောကလည်း အမျိုးသားနိုင်ငံရေး ဆိုသော ဝေါဟာရသည် အာဏာရှင်ခေတ်မှ နိုင်ငံရေး အသုံးအနှုန်းသာဖြစ်ပြီး လက်ရှိ ပြောဆိုချက်များအရ ဦးခင်ညွန့်သည် နိုင်ငံရေးလောက ပြန်လည် ၀င်လာမည် ဆိုသည်ကို သိသာစေသည်ဟု သုံးသပ်သည်။

“တကယ်တမ်း ပြောရရင်တော့ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးဆိုတာ အရင်ခေတ်တုန်းက အသုံးအနှုန်းဟောင်းပါ။ နိုင်ငံရေးက တူတူပဲ။ နိုင်ငံရေး လုပ်တယ်ဆိုတာက နိုင်ငံ့အရေးကို လုပ်တာပဲ။ ရွေးကောက်ပွဲ ၀င်ချင်လည်း ၀င်မယ်၊ မ၀င်ချင်လည်း မ၀င်ဘူး။ ပါတီဖွဲ့ချင်လည်းဖွဲ့မယ်၊ မဖွဲ့ချင်လည်း မဖွဲ့ဘူး။ အမျိုးသားနိုင်ငံရေးက သန့်ရှင်း မြင့်မြတ်တယ်။ ပါတီနိုင်ငံရေးက ညစ်ပတ်တယ် ဆိုတဲ့ အယူအဆကတော့ လက်မခံဘူး။ နိုင်ငံရေး လုပ်ရင်လုပ်တယ်၊ မလုပ်ရင် မလုပ်ဘူး၊ နှစ်မျိုးပဲရှိတယ်။ အမျိုးသားနိုင်ငံရေး လုပ်မယ်၊ ပါတီနိုင်ငံရေး မလုပ်ဘူးဆိုတာတွေက အရင်တုန်းက အတွေးအခေါ်ဟောင်းပဲ” ဟု ဦးသီဟစောက ဆိုသည်။

ဦးခင်ညွန့် အမျိုးသား နိုင်ငံရေး လုပ်မည်ဆိုသော ပြောဆိုချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် ပြည်တွင်းနိုင်ငံရေး အင်အားစုက သတိဖြင့် စောင့်ကြည့်သွားမည်ဟု ဆိုကြသည်။

NLD ၏ နာယက ဦးဝင်းတင်က ဦးခင်ညွန့်အနေဖြင့် အမျိုးသား နိုင်ငံရေးဆိုသော အသုံးအနှုန်းနှင့် နိုင်ငံရေး မလုပ်ဆောင် သင့်ကြောင်း၊ အမျိုးသား နိုင်ငံရေးကြောင့် နှစ်ပေါင်းများစွာ ပြည်သူ့ အသက်များ ဆုံးရှုံး၊ နစ်နာခဲ့ရကြောင်း ရှင်းပြသည်။

“အမျိုးသား နိုင်ငံရေးဆိုတာ သူတို့ပြောနေတာ တလျှောက်လုံးပဲ။ ကျနော်ပြောချင်တာက ဦးခင်ညွန့် ဘာတွေလုပ်ခဲ့သလဲ၊ ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးက ဘာတွေ လုပ်ခဲ့သလဲ။ နောက်တခါ ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ န၀တ၊ နအဖ အစိုးရတွေက ဘာတွေ လုပ်ခဲ့သလဲ။ အဲဒီအတွက် ပြည်သူတွေ ဘာတွေ ခံစားရလဲ၊ ဘယ်လောက် နစ်နာခဲ့လဲ။ ဘယ်လောက် အကျိုးမဲ့ခဲ့လဲ၊ ဘယ်လောက်ဆုံးရှုံးခဲ့လဲ၊ ဘယ်လောက်အထိ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ကျခဲ့ရလဲ။ သူ လုပ်ခဲ့တာတွေနဲ့ ယှဉ်ပြောရမှာပဲ။ ပုဂ္ဂိုလ်ရေးအရ ပြောတာ မဟုတ်ဘူး။ အဲဒါ သူလုပ်ခဲ့တဲ့ နိုင်ငံရေးပဲ” ဟု ဦးဝင်းတင်က ပြောသည်။

အမျိုးသား နိုင်ငံရေး ဆိုသည်ကို ဦးခင်ညွန့်အနေဖြင့် ယခု ထပ်မံ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း၊ အတိတ်ကလည်း အမျိုးသား နိုင်ငံရေးများ တွေ့ခဲ့ပေါင်း များပြီဖြစ်ကြောင်း သူက ဆိုသည်။

“အမျိုးသားနိုင်ငံရေးလည်း လုပ်မနေနဲ့၊ ခင်ဗျားတို့ ဆိုလိုတဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို နားလည်တယ်။ ဒီအမျိုးသား နိုင်ငံရေးဆိုတာကို ကြွေးကြော်လာတာ နှစ်ပေါင်း များစွာ ကြာနေပြီ။ ဦးခင်ညွန့်လုပ်မယ့် အမျိုးသား နိုင်ငံရေးက နောင်နှစ်ပေါင်း ၂၀ ကြာရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကျနော်တို့ စိတ်ထဲမှာ ပုံစံပေါ်ပြီးသား ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ နိုင်ငံရေး လုပ်ချင်ရင်လည်း ပါတီတခုမှာ နိုင်ငံရေး ၀င်လုပ်ပါ။ ဦးသန်းရွှေတို့၊ ဦးခင်ညွန့်တို့ ပြောခဲ့တဲ့ အမျိုးသား နိုင်ငံရေး ဆိုတာကြီးကတော့ တော်ပါပြီ” ဟု ဦးဝင်းတင်က ဆိုသည်။

ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကလည်း ဗိုလ်ချုပ်ခင်ညွန့်၏ နိုင်ငံရေး လုပ်ဆောင်မည်ဟု ပြောဆိုမှုအပေါ် ၀မ်းမသာကြောင်း ပြောသည်။

“ဦးခင်ညွန့်က အစတုန်းက ဘာသာရေးနဲ့ လူမှုရေးပဲ လုပ်မယ်ဆိုတော့ ၀မ်းသာတာပေါ့ဗျာ။ အခု နိုင်ငံရေး ဝင်လုပ်မယ် ဆိုတော့ ကျနော် စောင့်ကြည့်ရမှာပေါ့။ အရင်တုန်းက နိုင်ငံရေးပုံစံ၊ ခြေလှမ်းပုံစံမျိုးနဲ့ အခုခေတ်သစ်မှာ ခြေလှမ်းသစ်တွေ လာလှမ်းမယ်ဆိုရင်တော့ မကြိုဆိုဘူး။ ခြေလှမ်းပြင်တယ်ဆိုရင်၊ တနည်းတဖုံနဲ့ သူက သူ့ခြေလှမ်းသစ်၊ အိုင်ဒီယာသစ် စမယ် ဆိုရင်တော့ စောင့်ကြည့်သွားမယ်” ဟု ဦးဇိုဇမ်က ဆိုသည်။

ဦးခင်ညွန့်အနေဖြင့် အာဏာရှင်ပုံစံ၊ ထောက်လှမ်းရေးကို အသက်သွင်းသော နိုင်ငံရေးမျိုး လုပ်မည်ဆိုပါက လက်ခံမည် မဟုတ်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

“လူတယောက်က အမြဲတမ်းဆိုးမနေဘူး၊ အမြဲတမ်းလည်း ကောင်းမနေနိုင်ဘူး။ အပြောင်းအလဲ ရှိနိုင်တာပေါ့။ ကောင်းတဲ့ ဘက်ကို ပြောင်းလာရင်တော့ ကြိုဆိုမယ်။ သူ့ရဲ့ လုပ်ရပ်ကို ကြည့်ရမယ်။ လက်ရှိ အစိုးရလည်း ထိုနည်း လည်းကောင်းပါပဲ။ ဟိုတုန်းကတော့ တပ်မတော်အနေနဲ့ အာဏာရှင်အနေနဲ့ လုပ်ခဲ့တာပဲလေ။ အခုတော့ စနစ်ကို ပြောင်းပြီးတော့ လုပ်တော့ ကျနော်တို့က ကြိုဆိုတာပဲ။ လက်တွေ့လုပ်တဲ့ အပေါ်မှာ ကောင်းတာဆိုရင်တော့ ၀မ်းသာမယ်။ ဟိုတုန်းကလို အာဏာရှင် ပြန်လုပ်မယ်ဆိုရင်တော့ ဘယ်လက်ခံမလဲ” ဟု ဦးသုဝေက ဆက်ပြောသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရာထူးမှ အတင်းအကျပ် အနားပေးလိုက်ပြီးနောက် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ထားခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် မူလက နိုင်ငံရေးမလုပ်ဘဲ လူမှုရေးနှင့် ဘာသာရေး လုပ်ငန်းများသာ လုပ်ကိုင်မည်ဟု မီဒီယာများသို့ မကြာခဏဆိုသလို ပြောဆိုခဲ့ရာမှ မော်ဒန်ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသား နိုင်ငံရေး လုပ်ဆောင်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးခင်ညွန့်သည် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ပူးပေါင်းမှုကို ထောက်ခံလိုက်ပြီး တပ်မတော် ခေါင်းဆောင်တဦး ဖြစ်ခဲ့သော်လည်း တပ်မတော်သာလျှင် ဆိုသော ဆန္ဒစွဲမျိုး စိတ်တွင်မရှိဟု ဆိုခဲ့ဖူးသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပူးပေါင်းပြီး တိုင်းပြည်ကောင်းစားရေး တိုင်ပင် လုပ်ဆောင်နေတာလည်း အင်မတန် ကောင်းတဲ့ လုပ်ရပ်ပါ။ ဒါကို အားပေး ထောက်ခံတယ်။ ကောင်းအောင် လုပ်တဲ့သူက တိုင်းပြည်ရဲ့ ခေါင်းဆောင်ပဲ။ အဘက အရင်တုန်းက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့လို့ တပ်မတော်မှ တပ်မတော်ပဲဆိုတဲ့ ဆန္ဒစွဲမျိုး စိတ်ထဲမှာမရှိဘူး” ဟု ဦးခင်ညွန့်က ပြောခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး ၁၊ နိုင်ငံတော် ၀န်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာအကြံပေး၊ တပ်မတော် ထောက်လှမ်းရေး ခေါင်းဆောင် အစရှိသည့် အရေးပါသော ထိပ်တန်းရာထူး ခေါင်းဆောင်တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။


WSJ LIVE VIDEO:

48 Responses

Leave a Reply

  1. စစ်ထောက်ပြုတ်ကြီး ဘာဘဲ လုပ်လုပ် စိတ်မ၀င်စားဘူး – ဘာဖြစ်လို့ လဲဆိုတော့ သူ အာဏာရှိစဉ်က တိုင်းပြည်အတွက် ကောင်းတာ လုပ်ခဲ့တာ ဘာတခုမှ မရှိဘူး။ တိုင်းပြည်လူထုကို ထောက်လှမ်းရေး ယန္တရားကြီးနဲ့ ဖိနှိပ် ရက်စက်ခဲ့တာဘဲရှိတယ်။
    ပြီးတော့ သူ လုပ်ခဲ့တဲ့ လုပ်ရပ်အမှားတွေအတွက် မှားမိပါတယ် လို့ ရိုးသားစွာ ၀န်ခံခဲ့တာလဲ ဘာတခုမှ မရှိဘူး။ ဒါကြောင့်  သူ့ ပါးစပ် က စစ်ကိုင်း မှ ကောင်းမှူတော် စေတီတော်ကြီး ငုံပြောခဲ့လျှင်တောင် အာကျယ်လို့  ပြောတာဘဲလို့ မှတ်ယူပါမယ်။

  2. အမျိုးသား နှိုင်ငံရေးဆိုတဲ့စကားလုံးက အူကြောင်ကြားစကားလုံးပါ။ ဗိုလ်ခင်ညွန့်နဲ့လိုက်ဖက်ပါတယ်။ ပိုပြီးလိုက်ဖက်အောင်ခေါင်းပေါင်းအဝါပေါင်းပြီး ပစ္စတိုအတုတလက်ခါးကြားထိုးပြီးအမျိုးသားနိုင်ငံရေးဖက်ရှင်တခုပါထွင်ဖို့အကြံပြုပါရေစ။ ဗိုလ်ခင်ညွန့်ကိုအထင်ကြီးလေးစားသူများလည်းဆင်တူဝတ်စားပါဝင်ဆင်နွှဲနှိုင်ကြပါတယ်။

    • သူက သမ္မတလုပ်လို့ မဖြစ်နိုင်ပါ ပြည်သူကလည်း မတင်မြှောက် ဘူးဆိုတာ သူသိမှာပါ ဒါပေမဲ့ငြိမ်းချမ်းရေးကိစ္စမှာတော့
      အဆင်ပြေရင် သုံးရမှာပဲ ဒီကိစ္စ လုပ်ပေးရင်ပြည်သူကြေနပ်မှာပဲ လပ်တလောကိစ္စက အရေးကြီးတာက ငြိမ်းချမ်းရေးပါ ။ အကြောင်းကြောင့် အကျိုးဖြစ် ပါ ။ပြည်တွင်းစစ် မရှိဖို့ မှဒီမိုကရေစီရမှာပါ သမိုင်းမှာ အစ အဆုံးဖတ်ကြသင့်ပါတယ် မော်စီတုံး နိုင်ငံပြည်တွင်းစစ် ကို အမြစ်ပြတ်ပိုး သတ်ပြစ်လို့ ချမ်းသာသွားတာ ဒီမိုကရေစီက နောက်မှာ ပါ ခက်ရင်မသိချင်ရောင်ဆောင် နေပြီး လွယ်တာကြတော့ သူများမသိအောင်ခိုးလုပ် တယ် ပြီးရင်ကြွားမယ် လုပ်တာကနည်းနည်း ကြွားတာများများ ငြိမ်းချမ်းရေးအတွက်ကြိုးစားပေးနေသူများကသာ တိုင်းပြည်ခေါင်းဆောင်ဖြစ်သင့်တယ် မြန်မာမှာငြိမ်းချမ်းရေး အတွက်အသက်ပေးပြီး လုပ်ကြ ရမယ် ။ ဗကပ လို ဂလန့်ပါတီ တွေမရှိသင့်တော့ပါဘူး။

  3. ရှေးတစ်မျိုးပြော၊ နောက်တစ်မျိုးပြောနဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ပီသပါပေတယ်။ ခင်ဗျားတို့တပ်မတော်ထောက်လှမ်းရေးက လုပ်ခဲ့သမျှတွေကို ဘာတွေနဲ့ သင်ပုန်းချေမလဲ။ ခင်ဗျား အာဏာရှိစဉ်ကာလကို တွေးကြည့်ရင် ရင်နာလွန်းလို့ပါ။ အမျိုးသားကောင်းစားရေးအတွက် အမျိုးသားနိုင်ငံရေးလုပ်မယ်ဆိုတဲ့ ခင်ဗျားတွေးတောလာပုံကို ကျွန်တော်လေးစားပါ။ အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ဟန်ချက်ညီစွာ လျှောက်လှမ်းနေတဲ့ အချိန်ကောင်းလေးကို ခင်ဗျားတို့ စစ်ထောက်လှမ်းရေးဟောင်း တွေကြောင့် မပျက်စီးစေချင်ဘူး။ သစ်ခွလေးစိုက်ပြီး၊ တရားနဲ့မွေ့လျှော်တော့မယ် ပြောခဲ့ပြီး ခုမှ ဘာစိတ်ကူးထပေါက်တာလဲ။

  4. အ၇င်ကတော့ မကောင်းခဲ့ပါဘူး၊အာဏာ၇ှိနေ၇င်ဆက်ဆိုးနေအုံးမဲ့သူလို့မြင်ပါတယ်၊နားသင့်ပါပြိ၊ငရဲမှာဆက်ခံပါ။

  5. ဘဂျမ်း

    တော်ပါတော့ ကိုညွန့် ရယ် တော်ပါတော့ တော်ပါတော့။

  6. What is National political ?
    How different National Political and Party Political ?

    “တကယ်တမ်း ပြောရရင်တော့ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးဆိုတာ အရင်ခေတ်တုန်းက အသုံးအနှုန်းဟောင်းပါ။ နိုင်ငံရေးက တူတူပဲ။ နိုင်ငံရေး လုပ်တယ်ဆိုတာက နိုင်ငံ့အရေးကို လုပ်တာပဲ။ ရွေးကောက်ပွဲ ၀င်ချင်လည်း ၀င်မယ်၊ မ၀င်ချင်လည်း မ၀င်ဘူး။ ပါတီဖွဲ့ချင်လည်းဖွဲ့မယ်၊ မဖွဲ့ချင်လည်း မဖွဲ့ဘူး။ အမျိုးသားနိုင်ငံရေးက သန့်ရှင်း မြင့်မြတ်တယ်။ ပါတီနိုင်ငံရေးက ညစ်ပတ်တယ် ဆိုတဲ့ အယူအဆကတော့ လက်မခံဘူး။ နိုင်ငံရေး လုပ်ရင်လုပ်တယ်၊ မလုပ်ရင် မလုပ်ဘူး၊ နှစ်မျိုးပဲရှိတယ်။ အမျိုးသားနိုင်ငံရေး လုပ်မယ်၊ ပါတီနိုင်ငံရေး မလုပ်ဘူးဆိုတာတွေက အရင်တုန်းက အတွေးအခေါ်ဟောင်းပဲ” ဟု ဦးသီဟစောက ဆိုသည်။
    I agree above describe .
    U Khin Nyunt is like to say Moe Thee Zon .

  7. this SOB is to be trialed first .

    then he can talk later.

    • Maung Maung Kyaw Win

      Here comes another person who want to save people of Burma.The problem is who will accept this guy whose misdeeds is unforgettable and unforgiven by the people. In fact, he must serve time in the prison for his crime before he can utter the holy words. If he can prove himself that he is a man who can stay above the law, how can he be welcome into the civilized community. How can we propose the Hluttaw to take action on criminals like Khin Nyunt and his followers including all the Kyantphut members when the position of Hluttaw Chairman is held by Shwe Mahn. Suppose Shwe Mahn agrees with the proposal and approves for taking action, other criminals will point out “Shwe Mahn, you are the first man that deserve the sentences. Only then we will follow suits.” So there must be a righteous MP who step forward and speak out in the Parliament that Law and Order must be maintained first and truth shall not be hidden and first and foremost all the criminals must put on trial.

  8. We can do one thing is wait and see .

  9. အောင်ကျော်သက်

    ကျွန်တော် ၀မ်းမသာပါ… သာကူးကြီးဖြစ်ပါသည်.. အခုထိတိုင် သူ့သားများ မြန်မာပြည်ရဲ့စည်းပွားရေးလုပ်ငန်းတွေမှာ ကြိုးကိုင်နေတုန်းပါ..မယုံရင်indonesia နဲ့ဆက်စပ်နေတဲ့ company တွေကို စိစစ်ပါ…အစိုးရက မသိတာလား..သက်သက်ပေးလုပ်နေတာလား…စိစစ်ကြစေချင်ပါသည်…တကယ်တော့ လက်ရှိအစိုးရကိုလဲ…ယုံလိုမရသေးပါ..ဘာကြောင့်လဲဆိုရင်..သန်းရွှေတို့..မောင်အေးတို့ ခင်ညွှန့် တို့ နဲ့ ပတ်သတ်နေတာတွေ မြန်မာ့စီးပွားရေးလောကမှာ ဒုနဲ့ဒေး အုပ်စိုးနေပါသေးတယ်..ပြည်သူတွေသာ ဆင်းရဲနေတာပါ..သူတို့တွေက လုပ်စားနေတုန်းပါ…

  10. ခင်ညွန့် ခင်ဗျား ကို ချီးထုတ်နဲ့ ပေါက်မယ် ထွက်လာခဲ့ ခင်ဗျားတို့ လုပ်ခဲ့ တာတွေတရားဝင်မတောင်းပန်သရွေ့  —- ပဲ မဖော်ပြမှာဆိုးလို့ ကိုယ့်ဘာသာဆင်ဆာဖြတ်တယ်။ ပြည်သူတွေ ကိုယ်ပြောချင်တာလေးတွေဖြည့်ဖတ်ကြ

  11. Hi, Khin Nyunt,
    Stop! Go to hell with your family. You’re liar like your father – U Ne Win. He is waiting you and warmly welcomed to you at Akwaizit Palace.

  12. nar ti tal tu lote mae amyo tar yae ka
    1…tie yin thar Group pyoe kwal yae.
    2….bar thar kwal pi arr nay tu myar ko ku tone lote pi day tha twin ne par ti twin si lone hmu ko phyo kwal yae….
    3…Than gar taw myar atwin asin myin yar du ya asoe ya da shoe myar ne Than gar du nae pyi thu ma si lone yae
    4… Na zi lat thit myar mway myu pi tin tha mya asoe ya ko ARMY ka kyo kie nai yae .

  13. ဘာဘာညာညာ

    အမျိုးသမီးနိုင်ငံရေးတို့ .. အခြောက်နိုင်ငံရေးတို့ရော မလုပ်ဘူးတဲ့လား .. :D

  14. သိပ်တော့မဆန်းပါ။
    လူ့ဘောင်သစ်ပါတီခေါင်းဆောင်ဟောင်းတို့၊ ABSDF ကျောင်းသားခေါင်းဆောင်ဟောင်းတို့။ဘာခေါင်းဆောင်ဟောင်းတို့ ညာခေါင်းဆောင်ဟောင်းတို့ရှိသလို စစ်ခေါင်းဆောင်ဟောင်းတို့ ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်းတို့ဆိုတာလည်း ရှိနေမှာပါ။ အဓိက က ပြည်သူတွေမှာ မှန်ကန်တဲ့မြင်တက်မှု ကြည့်တတ်မှု ရှိဖိုက အရေးကြီးဆုံးပါ။

  15. လွတ်နေတဲ့ ကာလပေါ် ငရဲခွေးကြီး (တေ-ာင်) ဟာသူပေါ့ဗျာ

  16. What is happening in Myanmar ?
    No one take legal action to criminals.

    Is this country is free to do any crime without being taken action.
    this man should not be like this.
    He should be sentenced to ‘ death ‘ or ‘ life imprisonment ‘ .

    Where is legal system in Myanmar ?

  17. HE NEVER REGRET FOR HIS FOUL DOING IN PAST 20-YEARS. LET HIM TRY POLITICAL FIELD AND HE WILL KNOW. PEOPLE WANT TO RECORD THE REAL HISTORY OF HIS ERA 20-YEARS.

  18. သူကိုဘာလို့လွှတ်တာလည်း
    သူမွေနေတာ
    သူ့ကိုမသေမချင်း သရေဂွင်းနဲ့ပစ်သတ်ရမယ်

  19. လွတ်ထားပေးလို့အတင့်ရဲးလာတယ်
    စ်ခုံရုံးတတင်ရမယ်
    မျက်နှုဗြောင်တိုက်တဲ့လူသတ်ကောင်

  20. observer news agency

    he is testing the public response.
    He is doing research , that is called, observational study.

    that is one of the research method.

    that Modern Journal and Irrawaddy website should not be used. Dont’ let him use both of you.
    He is one of the most notorious person that needs to be trialled and jailed

    He and Than Shwe made ‘ give and take ‘ finally and tried to escape from their crimes and use their ‘ persons ‘ to take ‘ all properties and assets ‘ of country to support their generation.

    They are both poisonous and should never ever by allowed to come back again .
    If Burma Country do not take action to those types of persons, the country will not be feeling good and healthy in next 50 years on. Country will regret.

    Imagine, if Burma did not take action against U Saw and others criminals .. how will country feel now? Now, after 64 years of BoGyoke Assassination.
    What they have done is ‘ they tried violence and killing and murdering ‘ first ……then when they failed ( because of international community – including mainly U S A ( U K ) and also small extent by China ) . they gave up their violent maneuver and changed their tactics to ‘ smoother ways’ .

    the bottom line is ‘ they all like to run away . They all like not to get trialed. They all take promise from D A S S K not to take them to court ‘ . That is the reason why 25 % in Parliament . That is the only reason. Pyaw Ya Yin – Ah myar gyee bae.
    And then, another A B S D F killing comes in. That is also a separate issue to be dealt with. M I , Khin Nyunt also involved in that issue somehow. We should listen to ex A B S D F leader’s words. //what will he say ?
    But this Khin Nyunt is to be trialed . It must happen. It will be.

  21. ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဗိုလ်ချုပ်ကြီး (ဟောင်း)ခင်ညွှန့်နှင့် အတူ ဗမာ-မွတ်ဆလင်များလေယာဉ် စင်းလုံးငှား၍ လာရောက်ခဲ့ကြသည်ကိုလည်း စစ်တွေမြို့နေ ရခိုင်ရော မွတ်ဆလင်ပါ မေ့မရနိုင်သေးပါ။
    ဘင်္ဂါလီ များသည်
    မွတ်ဆလင် ကမ္ဘာမှ အထောက်အပံ့တို့ဖြင့် စီးပွားဖွံ့ဖြိုးလာသော ဘင်္ဂါလီတို့သည် အာဏာပိုင် အုပ်ချုပ်သူတို့၏ အကူ ညီများစွာတို့ကို ရယူနိုင်လာခဲ့ကြ သည်။ သူတို့လိုအပ်သော အကူအညီတို့ကိုလည်း ဖောဖောသီသီရရှိခဲ့ကြသည်။
    နားနေလက်စနဲ့ ပဲနားနေလိုက်ပါ..လူတွေရဲ့စိတ်ကိုဘုရားကလွဲလိုဘယ်သူမှာမသိနှိင်သလို ခန်မှန်ရတာအလွန်ခက်ခဲ့လှပါတဲ့ ဥိးခင်ညွန့်အနေနဲ့ တချိန်ကစစ်ဘက်ဆိုင်ရာမှာဘာတွေလုပ်ခဲ့တဲ့ဆို တာပြည်သူကသိသလိုနှိင်ငံတကာခေါင်းဆောင်ပိုင်တွေကလဲသိပါတဲ့ အဝေးကနေ သာသာလေးသာနေပါ , ၈၈ အရေးတော်ပုံမှာထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့် ကြောင့် ငါတို့ ကျောင်းသားတွေ သေခဲ့ရတာ။တောခိုကျောင်းသားဘဝေ၇ာက်ခဲ့ရတာ။မိဘတွေ အလုပ်ပြုတ်လို့ ဒုက္ခရောက်ခဲ့ ရတာ ခင်ညွန့် ကြောင့် ဘဲ။
    န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး ၁၊ နိုင်ငံတော် ၀န်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာအကြံပေး၊ တပ်မတော် ထောက်လှမ်းရေး ခေါင်းဆောင် သားသတ်သမား တရားခံ ခင်ညွန်, မင်းလုပ်လို့လဲ တိုင်းပြည်ပျက်ပြီးပါပြီကွာ ခိုးထားဒါလေးတွေ နည်းနည်းခွဲပြီး ဘဝကူးကောင်းအောင်သာ လုပ်ပါ.
    ဦးခင်ညွှန့်တစ်ယောက် ဘယ်လောက်ပဲ အမျိုးသားနိုင်ငံရေးဆိုပြီး ရင်ကွဲအောင် အော်အော် ပြည်သူတွေကတော့ တော်တော်ကို မယုံရေးချာမယုံ။

  22. How did they found USDP party from USDA? Ha ha ha…
    I still remember their TRICK.
    Liar! Liar!

  23. နိုင်ငံရေး မလုပ်ခင် ကိုယ်မွေးခဲ့တဲ့ ခင်ရွှေနှင့် ဌေးမြင့်တို့ တိုင်းပြည်ကဘယ်လို ပိုက်ဆံချေးပြီး ဘယ်လို ဒေါ်လာဈေးကစားခဲ့လည်း ဆိုတာတွေ။ ထောက်လှမ်ရေးတွေ အမိန့် နှင့် လှမ်းလက်ဝေခံ ကုန်သည်တွေ နယ်စပ် နှင့် ဆိပ်ကမ်းမှာ အပျာက် ရိုက်ပြီး မြန်မာစီးပွားရေး ကို ဘယ်လို မိုလိုပိုလီ လုပ်ဖို့ကြိုးစားခဲ့တယ် ဆိုတာတွေ၊ နောက်ပြီး ပြန်တမ်းဝင် အဆင့် အရာရှိတွေကို တပ်ကြပ်ကြီးလောက် အဆင့် က ဘယ်လိုပညာပြခဲ့တယ် ဆိုတာတွေ ဝတွေနှင့် ပေါင်းပြီး ဘိန်းငွေတွေ ဘယ်လို ခဝါချခဲ့တယ် ဆိုတာတွေကို ပြန်လည် ဆန်းဆစ် သင့်ပါတယ်။ ကိုယ်အမှား ကို်ယ်သိမှ တိုင်းပြည် အတွက်လုပ်နိုင်မှာပါ။ နိုင်ဝင်း ဘယ်လို အကြံအဖန် လုပ်ခဲ့တာတွေပါ ပြန် လည်စစ်ဆေးသင့်ပါတယ်

  24. yamahta,3rd,nov. 1:46 pm
    နိုင်ငံရေးလုပ်ချင်ရင် အမျိုးသားတွေ ဘာတွေညာတွေနဲ့လေသံမပစ်ပါနဲ့။ အရင်တုန်းကလည်း ဗိုလ်ခင်ညွန့်ကိုယ်တိုင်ပြောခဲ့တာပဲ။ စစ်တပ်ကအာဏာမက်လို့တိုင်းပြည်ကိုထိန်းထားတာ မဟုတ်ဘူးလို့။ နောက်တော့ နာဂစ်ဖွဲ့စည်းပုံကို အတည်ပြု၊ ကြံ့ဖွံ့ကလူမှုရေးအဖွဲ့ကနေ ပါတီ ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အကြံအဖန်လုပ်ပြီး အစိုးရတက်လုပ်နေတာကို ပြည်သူတွေက မသိကြဘူးလို့ထင်ရင်မှားသွားမှာပေါ့။ ပြည်သူတွေက စောင့်ကြည့်နေကြတယ်ဆိုတာကို သဘောပေါက်ထားပါ။ ဘယ်အရာမှ ထာဝရမတည်မြဲပါဘူး။ ဗိုလ်ခင်ညွန့် ပြောနေတာတွေက ဗိုလ်သိန်းစိန်တို့ကို မျက်စပစ်နေတာပါ။ ကလေးကွက်တွေနဲ့ အယောင်မပြပါနဲ့ ။ ထောက်လှမ်းရေးခေတ်တုန်းက ပြစ်မှုကြွေးကို ဗိုလ်ခင်ညွန့်ဆပ်ရအုံး မယ်လေ။ အမှုတွဲစာရင်းသာ ပြုစုထားပါ။ အရူးတွန်သံကြားရဖို့ အချိန်က မဝေးတော့ဘူး။

  25. Khin Nyunt was responsible for custodial deaths to occur and committed other extrajudicial killings, disappearances, rape, and torture. He ordered to detain civic activists indefinitely and without charges. He encouraged using rape as suspression tools …and many more.
    For these criminal acts he must be accounted first.

  26. မင်း ဝတ် လည်တာနားမလည်သေးဘူးလာ
    နေက်ထပ်လည်အုံးမယ်
    ဒိထက်သေးသိမ်တဲ့ပုံစံလာဦးမယ်

  27. ဂဒါဖိ. ဆက်ဒမ်. သက်ဆင် မိုဘာရက်
    ခင်ညွန့်. သန်းရွှေ. သင်ခန်းစာပေးသော
    လူမိက်ကြီးများ

  28. ခင်ညွန့်ရေ ရိုဟင်ဂျာ ကိတ်စ မင်းဦးဆောင်ကြိုး
    ကိုင်လဲး. မင်းရဲ့အမဲးစက်ပြေက်ဖို့မရှိ့ဘူး

  29. ကိုဇော်

    မျက်နှာလည်းမမြင်ချင်တော့ပါဘူး။ အသံလဲမကြားချင်တော့ပါဘူး၊ ဒင်းတို့ တတွေမင်းမူ ခဲ့လို့ မြန်မာတွေ စရိုက်ပျက် ဆင်းရဲတွင်းက မထွက်၊ လူရုပ်သူရုပ်တောင် မပေါ်နိုင်တော့တာ။ ဘယ်သွားသွား မြန်မာဆိုရင် ဦးနှောက်သေးတဲ့ကောင်တွေ၊ လူ့ အဆင့်အတန်းမမှီတဲ့ ကြုံရာပျော် လောက်တွေအဖြစ် အထင်သေးခံခဲ့ရတာ ဒင်းတို့ တတွေကြောင့် ဆိုတာ အရှက်တရား ရှိရင် သိတတ်ခဲ့ရင် နေရာမှာတင် လဲသေလိုက်ဖို့ ကောင်းနေပြီ။ အဘ၊ အဘ နဲ့  စားနေကြ ကြောင်ဖားကြီးရေ ပြည်သူတွေလဲ သနားပါဦး။ သေတဲ့အထိ မင်း လုပ်ချင်နေသေးတုန်း ပါလား………

  30. ကိုဇော်

    အမျိုးသားနိုင်ငံရေးလဲမလုပ်ပါနဲ့ ။ အမျိုးသမီးနိုင်ငံရေးလဲမလုပ်ပါနဲ့ တော့။ ဒီသတင်းဖတ်ရတာနဲ့ တင် အော်ဂလီဆန်လွန်းလို့ ပါ။ တော်ပါတော့ ကိုခင်ညွှန့် ရယ်။

  31. ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ . လက်ရှိလုပ်နေတဲ့လူတွေထက်တော့ ဦးခင်ညွန့်က အတွေ့အကြုံပိုရှိတယ်. ငြိမ်းချမ်းရေးအဖွဲ့တွေက ဦးခင်ညွန့်ကိုပဲ လက်ခံကြတာ . KIO ကိစ္စကိုတော့ ဦးခင်ညွန့်က ၀င်ရောက်စေ့စပ်ညှိနှိုင်းပေးရင် အဆင်ပြေမယ်ထင်တာပဲ . ..

  32. နေ၀င်း၊ စောမောင်၊ သန်းရွှေနဲ့ ခေတ်အဆက်ဆက် စစ်အုပ်ချုပ်ရေး ယန္တယားကို လည်ပတ်
    မောင်းနှင်လာသူအားလုံးဟာ သူ့တို့နှိပ်စက်ကလူ၊ အနိုင်ကျင့်ခဲ့တဲ့ မျိုးဆက်တစ်ခုလုံးနဲ့သူတို့ အပေါ်မှာတင်ရှိခဲ့တဲ့ သမိုင်းကြွေးကို မဖြစ်မနေ ဆပ်ကြရမှာပါ။ ဒီလိုမျိုး သမိုင်းပြဿနာကို တဦးတယောက် တဖွဲ့ထဲနဲ့ ကျေနပ်ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ အဲဒီခံခဲ့ရတဲ့ မျိုးဆက်တခုလုံးနဲ့ ရင်ဆိုင်ဖြေရှင်းရမှာပါ။ သူတို့ သေလွန်ခဲ့ရင်ကော၊ မပူပါနဲ့ ဥပဒေဆိုတာ ဟိုဘက်၊ ဒီဘက်မှာ ကျန်ရှိခဲ့တဲ့ မျိုးဆက်အားလုံးနဲ့ သက်ဆိုင်ပတ်သက်မှု ရှိပါတယ်။

  33. With blood-stained hands, how dare Khin Nyunt show his face to pubic.

  34. ကိုလူမှန်

    တိုင်းပြည်တိုးတက်ရေးနှင့်စားဝတ်နေရေးချောင်လည်အောင်အမျိုးသားနှိင်ငံရေးလုပ်မယ်တဲ့
    သူတောင်ကံကောင်းလိုလွတ်လာပြီးခင်ရွှေရဲ့ထောက်ပံ့မူ့နဲ့စားနေရတာများ၊ပြောနေသးတယ်။

    • ကျွန်တော်ကတော့ မီဒီယာကို အပြစ်တင်ချင်ပါတယ်၊ ဘာဖြစ်လို့ ဒီလူ့အကြောင်းကို သတင်းအဖြစ်နဲ့ ပြည်သူကို တင်ပြချင်ရတာလဲ? ပြည်သူဝယ်ဖတ်အောင် ရောင်းကောင်းအောင်အတွက် ဦးစားပေးမယ်ဆိုရင် အညံ့စားမီဒီယာဖြစ်မှာပါ။ ဒီလိုသတင်းမျိုးထွက်လာအောင် အင်တာဗျူးလည်းမလုပ်သင့် ၊ ဂျာနယ်ထဲ ၊ အင်တာနက်ထဲ မည်သည့်ထဲမှ မထည့်သင့်ပါဘူး။ ကိုယ်လုပ်လိုက်တဲ့ အလုပ်ရဲ့ ပန်းတိုင်ဟာ ဘာဖြစ်မလဲဆိုတာ လေးလေးနက်နက်စဉ်းစားစေချင်ပါတယ်…။

  35. ဦးခင်ညွှန့် ဘာလဲ…..
    သူ့သမိုင်းက ရှင်းပါတယ်၊ အာဏာပါးကွက်သား တစ်ယောက်ပါ။
    အာဏာရှင်ကို တော်လှန်မယ့် အဖွဲ့တွေကို အပြတ်ချေမှုန်းတဲ့ လက်မရွှံ့ လူသတ်သမားပါ၊
    ထောက်လှမ်းရေး အဖွဲ့ဟောင်းကို ပြန်ပြီး အသက်သွင်းမယ့်လူသတ်သမား ခင်ညွှန့်ကို
    အပြတ်ဆန့်ကျင်ကြပါ။
    လူလူချင်းညဉ်းဆဲ ၊ သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ခေါင်ဆောင် ဆန့်ကျင်ပေးကြပါ။
    သူကြောင့် မြန်မာလူမျိုးတွေ ကမာမှာ သူတောင်းစားဘ၀ရောက်ခဲ့ရတယ်.. မျက်နှာငယ်ခဲ့ရတဲ့သမိုင်း မမေ့ကြပါနှင့်..
    သူလုပ်ရပ်ကြောင့် ခုအချိန်ထိ ဒုက်ခရောက်နေတဲ့ ဒုနဲ့ဒေး ရှိနေတယ်ဆို သိထားပေးကြပါ။

  36. ညိုကြီး

    အမျိုးသားနိုင်ငံရေးဘဲလုပ်မယ်ဆိုပြီးအကြောင်းပြ ပြီးရင် ဘုရားစိန်ဖူးတော်တွေမဖြုတ်ပါဘူးလို့ဘယ်သူပြောနိုင်မလဲ ကျုပ်ကတော့နိင့်ငံရေးသမားတော့မဟုတ်ပါဘူး။ဒါပေမဲ့ရှေ့ဟောင်းအမွှေအနှစ်တွေကိုတော့တန်းဖိုးထားပါတယ်။အရင်ကတည်းကခင်ဗျားတို့အုပ်ချုပ်တာတရားမမျှတခဲ့လို့နိုင်ငံတကားမှာမြန်မာလူမျိုးတွေကျွန်ခံနေရတာ။ခင်ဗျားတို့တွေပြည်သူလူထုတွေလိုနေပူမရှောင်မိုးရွာမရှောင်တခါလောက်အလုပ်လုပ်ကြည့်ပါလား။ခင်ဗျားတို့မှာစာနာတတ်တဲ့နှလုံးသားလုံးဝမရှိကြပါဘူး။ဝဋ်ဆိုတာလည်စမြဲပါ ခင်ဗျားတခါလည်ပြီးပါပြီးဘယ်လိုခံစားရလဲ?ကံကောင်းလို့လွတ်ငြိမ်းချမ်းသာခွင့်ရတာ။နောက်တခါဆိုခင်ဗျာကံမကောင်းနိုင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘုရားစိန်ဖူးတော်တွေယူခဲ့လို့ပဲ။ဝဋ်နာကံနာဆိုတာကြားဖူးမှာပေါ့ဦးခင်ညွန်နှင့်ဦးသန်းရွှေ ဘဝမကူးဘူးနော်ဒီဘဝမှာဘဲခံစားရမှာနော်။ဘုရားတရားလဲမမေ့နဲ့အုံးကျွန်တော်လဲမကယ်နိုင်ဘူး

  37. I agree with U Win Tin. Natoinalism ( Amyotha Naing Ngan Yay ) ) is a poison for the development of the country and the enemy of unity.

  38. စနေသား

    အခုလိုပြောနေကြတဲ့ကောင်တွေ မင်းတို့သာ ဗိုလ်ခင်ညွန့်နေရာရောက်ရင် ဒီထက်တောင် ဆိုးမယ်ကောင်တွေ…ကိုယ်ကကော နိုင်ငံအတွက် ဘယ်လောက်လုပ်ပြီးပြီလဲ…ကိုယ်မျက်ချေး ကိုယ်ပြန်ကြည့်ကြပါဦး…သူများကိုဝေဖန်နေမယ့်အစား ကိုယ်နိုင်ငံအတွက် ဘယ်လိုပေးဆပ် ကြမယ်ဆိုတာ စဉ်းစားတာပိုကောင်းပါတယ်..

    • Boy,we are not complaining to your step papa.Just protecting.Stopping this bullock to not making any rouble again to civilian.Can you guess the opposite meaning of “Chee Kyuu Htite Thu Ko Chee Kyuu Chin The~ Mingalar Tapar Phick Ei”?

  39. အဘ ဘာလိုချင်လို့လည်း
    မြန်မာနိုင်ငံက တွင်းထွက်တွေ ကုန်သလောက်ဖြစ်နေပြီး
    အကြွေးတွေလည်း အများကြီးတင်နေပြီး
    အဘရေ အရင်က ဝါးထားတာတွေ ပြန်ထုတ်သုံးရမဲ့ အနေအထား

  40. အခုပဲ မလုပ်တော့ဘူးပြောလိုပြော၊ ဘယ်သူမှမယုံကြနဲ့ နော်။
    န၀တ နဲ့ ပဋိပက္ခ ဖြစ်ရိုးမှန်ယင်၊ ဒီအဆင့်နဲ့ ဒီဦးဏှောက် ပိုင်ရှင်ကို အရှင်ထားစရာအကြောင်း
    မရှိဘူး။ သူတို့ လက်ထဲက ဥပဒေ နဲ့  ပုဒ်မတွေလျှောက်တပ်ပြီး အချိန်ရွေး သတ်လို့ ရတယ်။
    မြန်မာနိုင်ငံအတွက် အနှစ် ၅၀ စာ အစီအစဉ်ဆွဲပြီးသားရှိတယ်။ သဘောပေါက်ကြ။

  41. သူများကို အပြစ်တွေပြောချည်း မစဉ်းစားနေကြပါနဲ့။အကောင်းမြင်ဝါဒလေးကိုနည်းနည်းဖြစ်ဖြစ် စပြီး မွေးမြူကြည့်ကြပါလား။ကုသိုလ်ရပါတယ်။ပ္ပစ္စုပ္ပန်တိုင်း မှာတည့်တည့်ကြည့်ပါ။သင့်အတွက်ရော တိုင်းပြည်အတွက်ပါ အကောင်းဆုံးတွေ ဖြစ်လာလိမ့်မယ်။ဥပမာ သမ္မတဦးသိန်းစိန်ကိုကြည့်ပါ။